ကျေက်ဖြူမြို့၌ မနေ့က ညဥ့် (၂) နာရီအချိန်လောက် က မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့

အကောင်ချေ (ကျောက်ဖြူ)
...........
ရခိုင်ပြည်တွင် ဂီရိမုန်တိုင်းဒဏ်ကို အလူး လိမ့်ခဲ့ရသော မြို့ထဲမှတစ်မြို့ဖြစ်သော  ကျောက်ဖြူမြို့မှာ မနေ့ကညဥ့်(၂)  နာရီလောက်တွင်မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပါသည်။




 ကျောက်ဖြူမြို့၊ ဈေးအနီး၊ ဂျပန်မဆိပ်ကမ်း၌ ရခိုင်ပြည်သူတို့ နေ့စဉ်လူနေမှုဘဝ   (ဓာတ်ပုံ-ပေါက်ကရဓာတ်ပုံ အဖုံဖုံတိစုစည်းမှု)


မီးစတင်လောင်ခြင်းကို ကျောက်ဖြူမြို့ခံတစ်ယောက်က “ကျောက်ဖြူလူငယ် နက်ဝါ့(ခ်)”ကို အခုလိုပြောပြခဲ့ပါသည်။

“မီးစတင်လောင်တာကတော့ မြစ်နားတန်းလမ်း၊ ဗလကြီးအိမ်နောက်ဖက်မှာရှိတဲ့ လဘက်ရည်ဆိုင်သေးသေးလေးတစ်ခုက စခဲ့တာပါ။ ညဥ့် (၂) နာရီလောက်မှာဖြစ်တာပါ။ ပြီးရင် ကံကောင်းချင်တော့ ဖြားတက်ချိန် (ဒီရေတက်ချိန်) လည်းဖြစ်တယ်၊ ပြီးတော့ အဲဒီနေ့က
ဘောလုံးပွဲလည်းရှိတော့ ဘောလုံးပွဲကြည့်နေကြတဲ့ လူတွေက အချိန်မီ ခဏလေးအတွင်းမှာ ငြိမ်းသတ်နိုင်ခဲ့ပါတယ်။”

တကယ်လို့ မီးကိုသာ အချိန်မီ အငြိမ်သတ်နိုင်ခဲ့ရင် ကျောက်ဖြူမြို့ဈေးအပါအဝင် အပျက်အစီးတွေများနိုင်တာကိုလည်း အဲဒေသခံကပဲ အခုလိုဆက်ပြောပြသွားပါသည်။

“တကယ်လို့သာ မီးကိုအချိန်မီ မငြိမ်သတ်နိုင်ခဲ့ရင်တော့ မတွေးဝံ့စရာကြီးပါ။ မီးလောင်မှုဖြစ်ပွားခဲ့တဲ့နေရာဟာ ဈေးနှင့်လည်းနီးတယ်။ ပြီးရင် မီးလောင်မှုဖြစ်ပွားခဲ့တဲ့
နေရာတစ်ဝိုက်မှာဆိုရင် ဆီရောင်တဲ့ဆိုင်တွေချည်းပဲ။”

မနေ့ကပဲ နိရဉ္စရာသတင်းဌာမှာ မြေပုံမြို့နယ် စိတ္တရ ကျေးရွာ မှာမီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး အိမ်ခြေပေါင်း ၁၄၆ ဆောင် မီးထဲပါသွား ကြောင်းနှင့် တစ်လအတွင်း ရခိုင်ပြည်အနှံ့တွင်
မီးလောင်ကျွမ်းမှု  (၅) ကြိမ်မြောက် မီးလောင်မူ ဖြစ်သည် ဟုဖော်ပြထားပါသည်။

အခု ကျောက်ဖြူမြို့မှာ မီးလောင်းကျွမ်းမှုအတွင်း ဆုံးရှုံးမှုအများအပြားမရှိခဲ့သော်လည်း ရခိုင်ပြည်၌ တလအတွင်း (၆) ကြိမ်မြောက် မီးလောင်ကျွမ်းမှုလည်းဖြစ်ပါသည်။

အခုလို ဆက်တိုက်မီးလောင်းမှုဖြစ်ပွားနေခြင်းကို ပြည်တွင်းမှ ရခိုင်ပြည်သူ လူထုအကြား အထူးစိုးရိမ်မကင်း ဖြစ်နေကြပြီး၊ မေးခွန်း အမျိုးမျိုးထွက်ပေါ်နေကြသလို၊ ပြည်ပရောက် ရခိုင်လူမျိုးတွေကြားမှာလည်း စိုးရိမ်မှုတွေနှင့်အတူ ဝေဖန်သံတွေ ကျယ်လောင်စွာ ထွက်ပေါ်နေကြပါသည်။ 
KYAUKPHRU YOUTHS NET
မှ ကူးယူဖေါ်ပြသည်။


Copyright 2012 Arakan Today