ဒေဖက်က ရဲအမှုထမ်းတိ အဆင်ပြေနိန်ရေပိုင် အလုပ်သမားတိမှာ စီမံကိန်းအတွင်း ၀င်ရန် စစ်ဆေးမှုများ ထူထပ်လာကြောင်း အမည်မဖေါ်လိုရေ ဝန်ထမ်းတဦးက''အဝင်ဘာ အထွက်ဘာ တခုမကျံ စစ်ဆီး မိန်းမြန်း တခုမကျံ ဟိုလှန်ဒေရှာ လုပ်ပါရေ''လို့ လေးဝတီကိုပြောဘာရေ။ပိုဆိုးစွာက စီမံကိန်း ၀န်ထမ်းအသစ်တိမှာ ရက်ပြတ် စစ်ဆီးမှုခံနိန်ရကြောင်း လုပ်ကိုင်သူ တချို့  စိတ်ထိခိုက်မှုတိ ဖြစ်နိန်ကြောင်း သူက ဆက်လို့ ပြောဘာရေ။ လုပ်ငန်းခွင်ထဲမှာ လက်နက်ကိုင် မည်သည့် အဖွဲ့အစည်း မဆို မသင့်တော်လို့  လုပ်ငန်းခွင်က အလုပ်သမားတိ တိုးတိုးပြောဆိုနိန်ကတ်ပါရေ။ နိုင်ငံတော် အစိုးရအနိန်နန့် လုပ်ငန်းခွင် ဖွံ့ ဖြိုးတိုးတက်မှု အတွက် ဦးစားပီး ဆောင်ရွက်မှုတိပြုလုပ်ဖို့ ထက် အရာရာမှာ ကိုယ်ရို့ အာဏာ တည်တန့် ခိုင်မြဲရေး နန့် ငွေရဖို့ အရီးလောက်ရာ ပြုလုပ်နိန်ကြောင်း အပင်ပန်းခံ လုပ်ငန်းခွင် အလုပ်သမားတိ အတွက် အကျိုးခံစားမှု သက်သာချောင်ချိရီး နန့် စိတ်ချမ်းသာမှု မရှိကြောင်း ယင်းအလုပ်သမားတိက မကျေမနပ်ဖြစ်နိန်ကတ်တေလို့  ပြောနိန်ကြောင်း သတင်းရရှိဘာရေ။ ခိုင်ဥက္ကာပျံ (ရခိုင်ရိုးမ)လေးဝတီဝိုင်းတော်သား
http://www.laywaddyarakan.com/
