ဘူးသီးတောင်။ ၂၄။၁။၂၀၁၂
လွန်ခရေ (၂၀) ရက်နိန်က ဘူးသီးတောင်မြို့ နယ် ဖုံညိုလိပ်အုပ်စု ဖုံညိုလိပ်ရွာ က တွဲဖက်အလက ကျောင်းသို့ ကျောင်းလာတက်ကတ်တေ ကုတို့ လောင်းတစီး မြုတ်လားကြောင်း လောင်းထက်မှာ ပါလာရေ ကျောင်းသားကျောင်းသူ (၂၅)ယောက်ထဲက (၅)ယောက်ပျောက်ဆုံးနိန်ကြောင်းသတင်းရရှိဘာရေ။ ပျောက်ဆုံးလားရေ(၅)ယောက်မှာ ဒေနိန့် သတင်းရွီးနိန်ရေ အချိန်ထိ အလောင်းသုံးလောင်း ရှာဖွီတွိရှိ နိန်ဗျာယ်ဖြစ်ကြောင်း ဘူးသီးတောင်မြို့ ထက် နီးစပ်သူပါးကသတင်းရရှိဘာရေ။ နာမေမဖေါ်လိုရေမျက်မြင် တယောက်က ဖုန်းနန့်  ''ကုတိုးလောင်းချေတစီးမှာ ဒေလောက်လူတင်လို့ ကူးရေခါ လောင်းကကောင်းကောင်းအလီးကြီးလို့ 
စောင်းဗျာယ် မှောက်လားစွာဖြစ်ကြောင်း ကုတို့ လောင်းပိုင်ရှင် သမီးချေလည်းပါလားကြောင်း အားလုံး(၅)ယောက် သီရေ။ ယောင်္ကျားချေတယောက် မမချေ လေးယောက် သုံးလောင်းရဗျာယ် အရာနှစ်လောင်းမရသိမ့် ''လေးဝတီကို ပြောပြဘာရေ။ ဆက်လို့ နာမေမိဘ ရွာအတိအကျ ကို ထုတ်ဖေါ်လို့ မပြောချင်ရေအတွက် ဖုန်းချပလိုက်ပါရေ။ ရခိုင်ပြည်နယ်လူ့ အခွင့် အရေးစောင့် ရှောက်ရေးအဖွဲ့ က ပြောရေးဆိုခွင့် ရှိသူတယောက်က ''ရာသီဥတုကောင်းရေ ပွင့် လင်းရာသီမှာတောင် ဒေပိုင်ဖြစ် ကတ်ကေ ရာသီဥတုဆိုးရေ မိုးခါ မစိုင်းစားဝန့် ဒေကိစ္စ လမ်းပန်းဆက်သွယ်ရေး မကောင်းစွာကြာင်း ချောင်းမြစ်များရေ ရခိုင်ပြည်နယ်မှာ လူမသိရေအဖြစ်တိ ဇာလောက်များလီဖို့ လေး။သက်ဆိုင်ရာကလည်း အရေးမစိုက် အုပ်ချုပ်ထားရေ ဗမာမဟာလူမျိုးကြီးဝါဒီ စစ်တပ်လေး မသိကွန်ဆောင်လို့ တရားခံ နိုင်ငံရေးမှု လာဒ်စားဖို့ စွာတိကျကေ အပ်ကျစွာက အစသိရေ ဇာအနားနွားကျော်ရေ သစ်ဇာကလားရေ စပါးဇာက ထွက်တေ'' ဒေပိုင်ပြောပြဘာရေ။ဆက်လို့  ဘူးသီးတောင်မြို့ ခံတယောက်က လည်း
''ပျောက်နိန်ရေ အလောင်း (၅)လောင်းက (၇)တန်း နန့် (၈)တန်းကျောင်းသူကျောင်းသားချေတိယေ
ဒေကိစ္စ အစိုးရမှာ လုံးဝတာဝန်ရှိရေ ဇာမှာလေးတိုးတက်အောင်လုပ်စော်'' လို့ ထင်မြင်ချက်အမျိုးမျိုး
တိ သုံးသပ်နိန်ကတ်ပါရေ။ဆက်လို့ လေးဝတီက ဒေ ကုတိုးလောင်းမြုတ်မှုနန့် ပါတ်သတ်လို့ တိတိကျကျ စုံးစမ်း နိန်ပါရေ။
စောပြည့် ညို (စစ်တွေ) လေးဝတီဝိုင်းတော်သား

...............................
လေးဝတီ