မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြား တိုက်ရိုက် လေယာဉ်ပျံသန်းရန် သဘောတူ လက်မှတ်ရေးထိုး

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့နိုင်ငံအကြား တိုက်ရိုက် လေယာဉ်ပျံသန်းရန် သဘောတူ စာချုပ် တစ်ခုကို အင်္ဂါနေ့က လက်မှတ် ရေးထိုးလိုက်သည်ဟု ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီးဌာနက သတင်း ထုတ်ပြန်သည်။


Bangladesh-Biman-airway
ရန်ကုန်မြို့တွင် ပြုလုပ်သော အဆိုပါ လက်မှတ်ရေးထိုးပွဲသို့ မြန်မာလေကြောင်း ညွှန်ကြားရေးမှူးချုပ် ဦတင်နိုင်ထွန်း တက်ရောက် လက်မှတ် ရေထိုးခဲ့ပြီး ဘင်္ဂလာဒေခ်ျ့ဘက်မှ လေကြောင်းဆိုင်ရာ အကြီးအကဲ မာမွတ် ဟူစိန် တက်ရောက် လက်မှတ်ရေးထိုးခဲ့သည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြား သဘောတူညီမူအရ တပတ်တွင် ခရီးသည်တင် လေယျာဉ် (၇) ကြိမ် ပျံသန်းမည် ဖြစ်ပြီး ကုန်တင် လေယျာဉ် (၄) ကြိမ်ပျံသန်းမည် ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြား တိုက်ရိုက် လေကြောင်းလိုင်းကို ရပ်တန့်နေရာမှ စတင် တိုးချဲ့ ပျံသန်းရန် စီစဉ်ရခြင်းမှာ နှစ်နိုင်ငံအကြား ခရီးသွားလာရေးကို မြှင့်တင်ရန်၊ ကုန်သွယ်ရေးကို မြင့်တင်ရန်နှင့် နှစ်နိုင်ငံ ပြည်သူများအကြား ဆက်သွယ်ရေးကို မြှင့်တင်ရန်တို့ အတွက် ဖြစ်ကြောင်း သိရသည်။

ယခင်က ဒက္ကားနှင့် ရန်ကုန် အကြား တိုက်ရိုက် လေယာဉ်ပျံသန်းခဲ့သော်လည်း အရှုံးပေါ်ခဲ့သဖြင့် ၂၀၀၇ ခုနှစ်ကတည်း ရပ်နားခဲ့ရသည်။ 

........................
Narinjara
Copyright 2012 Arakan Today