ဂရုစိုက်ရဖို့ ၊သတိပြုရဖို့ ၊အလေးထားရဖို့ အရာတခုက “ရခိုင်သားတိမှာ နိုင်ငံရေးဝမ်းစာ မပြည့်သိမ့်ပါ။” ဒေအလိုအပ် ဆုံးအရာကိုဖြည့်တင်းပီးထားနိုင်ခါမှရာ ထိရောက်တေနိုင်ငံရေးအလုပ်တိကိုလုပ်လာနိုင်ကတ်ပါဖို့ ။ ဒေနိုင်ငံရေး ၀မ်းစာ ကို ရေရှည်ဖြည့်လားမှရာ ပြည့်လာနိုင်လို့  နိုင်ငံရေးခရီးကိုလားကတ်တေခါ အချင်းချင်းနားလည် အချင်းချင်းယုံကြည် အချင်းချင်းအသိအမှတ်ပြု အချင်းချင်းလက်ခံ အချင်းချင်းလေးစား အချင်းချင်းတန်ဖိုးထားကတ်ရပါဖို့ ။
တယောက်ယောက်က တခုခုအမှုန့် ကြိတ်ဖို့ ပီးနိန်မှရာ အလုပ်လုပ်တေ အမှုန့် ကြိတ်စက်ပိုင် နိုင်ငံရေးစွာ လည်ပတ်လားနိန်ရေ ဖြစ်စိုင်တခု ဖြစ်တေ။ အေပိုင် ဖြည့်ပီးနိန်ခြင်းကို ရပ်ပနာ နိုင်ငံရေးလုပ်နိန်ကတ်တေလူတိက အချင်းချင်းရန်စဖြစ်ကတ်ကေ ဒေစက်စွာ ရပ်လားရေ။ (Politics is a process which is like a grinding machine that can work only if someone keeps giving it something to grind. When the political actors start quarreling and stop providing, the machine stops.)
အဂုရခိုင်ရို့ ရင်ဆိုင်နိန်ကတ်ရရေအချိန်ကာလက နိုင်ငံရေးလဆုတ်လကွယ်ရက်တိ ဖြစ်နိန်ရေ။ တိုးတက်လာမှုမဟိဘဲ ဆုတ်ယုတ်ခြင်းတိရာများပါလတ်ပနာ နိုင်ငံရေးအနိမ့်ဆုံးအဆင့်ကို ရောက်ပါလတ်တေ။ ဒေပိုင်အခြေအနေဆိုးကို ကျော်လွှားလားနိုင်ဖို့  နိုင်ငံရေးဝမ်းစာပြည့်ရေလူတိ နိုင်ငံရေးဝမ်းစာဖြည့်ပီးနိုင်ရေလူတိ သွီးစစ်တေအမျိုးချစ်စိတ်နန့်  အားသစ်လောင်းပနာ ရခိုင်
ရို့ နိုင်ငံရေးကို မြှင့်တင်လားကတ်ရပါဖို့ ။
နှစ်သစ်မှာ စိတ်ကူးသစ်၊ အမြင်သစ်၊ ခြီလှမ်းသစ်နန့်  ယုံကြည်ခြင်းကို ထပ်လို့ ယုံကြည်ပနာ လွတ်လပ်တေဘ၀တိကို ပိုင်ဆိုင်လာကတ်ဖို့  အနာဂတ်အတွက်
နိုင်ငံရေးဝမ်းစာဖြည့်လားကတ်ပါမေ။ ။ ။
ခိုင်အောင်အောင်
၁၆၊၀၄၊၂၀၁၀
