---------------------
မလေးရှားနိုင်ငံတွင် အာရက္ခ လူမှုရေး ထောက်ပံ့ ကူညီရေး အဖွဲ့ Arakan Social Fund (Malaysia) မှ ရခိုင် နာမည်ကြီး အဆိုတော်များအား ဖိတ်ခေါ်ပြီး ပြုလုပ်ခဲ့သော ရံပုံငွေ ရှာဖွေရေး စင်တင် စတိတ်ရှိုးပွဲမှာ ဇန္န၀ါရီလ ၂၆ ရက် နေ့က အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်ဟု သတင်းရရှိသည်။
စင်တင် စတိတ်ရှိုးပွဲကို လာရောက် ဖြေဖျော်ခဲ့ကြသော ရခိုင် အဆိုတော် များမှာ ကိုဝင်းကိုခိုင်၊ ကိုညီမင်းခိုင်၊ မညှာစိမ်းခိုင်နဲ့ မစောနှင်းနွယ်တို့ ဖြစ်ကြသည်။
စင်တင်ဂီတဖျော်ဖြေမှု ပွဲလုပ်ရခြင်းနှင့် ပတ်သက်ပြီး ဦးဆောင်ကျင်းပသူ တဦးဖြစ်သည့် ကိုခိုင်မျိုးကြီးက နိရဉ္စရာ သို့ ယခုကဲ့သို့ ပြောသည်။
" အခုလို ရှိုးပွဲလုပ်လို့ ရလာတဲ့ အကျိုးအမြတ်တွေကို ရခိုင်ပြည်မှာ ရှိတဲ့ ဘိုးဘွားရိပ်သာတွေနဲ့ မိဘမဲ့ က လေးဂေဟာတွေကို ကူညီထောက်ပံ့ဖို့ ရည်ရွယ်ချက်နဲ့ လုပ်ရတာဖြစ်ပါတယ်။ ပထမပိုင်းတော့ အဆင်မပြေ မှုတွေ ရှိခဲ့သလို ဒီပွဲ ဖြစ်ဖို့ တော်တော်ကြိုးစားခဲ့ရပါတယ်" ဟု ပြောသည်။
ယခုကဲ့သို့ မလေးရှားကို လာရောက် ဖြေဖျော်ပေးရသည့် အတွက် အားရ ကျေနပ်မှု ရှိသလို ဂုဏ်ယူမိပါကြောင်း ရခိုင် မျိုးချစ် အဆိုတော် ကိုဝင်းကိုခိုင်က နိရဉ္စရာသို့ ပြောသည်။
မလေးတွင် ပြုလုပ်ခဲ့သော စတိတ်ရှိုးပွဲ အခြေအနေနှင့် ပတ်သက်ပြီး ကိုဝင်းကိုခိုင်က သူ့အမြင်ကို ယခုကဲ့သို့ ဆက်ပြောသည်။
" ပထမ ပိုင်းတော့ Liveshow အတွက် လက်မှတ်တွေ၊ သိပ်မရောင်းရဘူးလေ၊ ကျွန်တော်က ပထမပိုင်းတော့ စိက်ပူ မိတယ်။ သူတို့ကလည်း အဲဒီ ပွဲအတွက် ပိုက်ဆံ တော်တော် အကုန်အကျ ခံထားတာ တွေ့ရတယ်။ နောက် ပိုင်းကျတော့ ပရိတ်သက်တွေ ထပ်ရောက်လာတာတွေ့ရတဲ့အတွက် အတော်လည်းဝမ်းသာမိတယ်။ ပရိတ် သတ်တွေကလဲ ပျော်ရွှင်မှုကို သက်သက် အဓိကမထားဘဲ ရခိုင်အမျိုးကို တကယ် ချစ်တဲ့စိတ်နဲ့လာရောက် အားပေးတဲ့ ပရိက်သတ်ကို ကျွန်တော် အထူး လေးစားမိပါတယ်" ဟု ပြောသည်။
အဆိုပါ ရှိုးပွဲတွင် ကံစမ်းမဲများအဖြစ် ပထမဆု အနေဖြင့် Acer Laptop တစ်လုံး၊ ဒုတိယဆု အနေဖြင့်Sony ကင်မရာ တစ်လုံး၊ တတိအနေဖြင့် Sony အန်စမ် Hand Hhone တစ်လုံးကိုလည်း ကံစမ်းမဲ အဖြစ် ပါဝင် မဲဖေါက်ခဲ့သည်ပာုသိရသည်။
ယခု မလေးရှားနိုင်ငံတွင် ကျင်းပခဲ့သော စင်တင် စတိတ်ရှိုးပွဲတော်မှာ ဒုတိယ အကြိမ်မြောက်ဖြစ်ပြီင်္း ပွဲကြည့် ပရိတ်သတ်ပေါင်း ၆၀၀ နီးပါး လာရောက် အားပေးခဲ့ကြသည်ဟု သိရသည်။
..................
နိရဉ္စရာ
