ဆြာ ရွှေမောင်သာ၏ ဓာတ်ပုံပြခန်းရေ မြောက်ဦးမြို့ သျှစ်သောင်းအလွန် ထုက္ကန့်သိမ် ပုထိုးအနားမှာ ဟိပါရေ။ သူ့ပြခန်းရေ ကဗျာ ဆန်ပါရေ။ ဓာတ်ပုံပြခန်း ခြံထဲကို ၀င်လိုက်စော်နန့် မြောက်ဦး၏ ပြယုတ်တိ ဖြိုက်တေ သျှစ်သောင်း၊ ထုက္ကန်သိမ်၊ လေးမျက်နှာဘုရား၊ အံတော်သိမ်ရို့ကို လှမ်းမြင်ရပါရေ။ အေချင့်ကပင် သူ့ဓာတ်ပုံပြခန်းကို အသက်ဝင်စီပါရေ။ သူ့ ဓာတ်ပုံ ပြခန်းကို ၀င်လိုက်စော်နန့် အဖော်ပြနိုင်ရေ ရသချေတိကို ခင်ကျင်းပြထားရေပိုင်၊ ပန်းချီးကားတိ၊ အိုမင်း ရင့်ရော်နီရေ သင်္ကေတတိနန့် အယင်းရာစုနှစ်ပေါင်းများစွာတိကို သတိရစီပါရေ။ ရှေးဟောင်းထဲက သမိုင်းကို ပိုပြီးကေ ရောင်ပြန်ဟတ်စီပါရေ။
“ ကျနော်က မြောက်ဦးနန့် ပတ်သက်တေ ပန်းချီးကားတိချည်းယာ ဇာဖြိုက်လို့ အရွီးများစော်လဲလို့ မကြားမကြားအမီးခံရပါရေ။ မြောက်ဦးနန့် ပတ်သက်ပြီးကေ ကျနော် ခရေဇီ ဖြိုက်စော်က ကျနော်ရေ မြောက်ဦးမှာ မွီးရေ။ မြောက်ဦးမှာ ကြီးရေ။ မြောက်ဦးက ဝထ္ထုပစ္စည်းတိနန့် အမြဲတမ်း ထိတွိ့နီရရေ။ ဇာကို ခရေဇီ မဖြိုက်ဘဲ နီပါဖို့လဲယေ။ ဗြီးကေ ကျနော်ရို့မှာ ဘာသာ သာသနာဟိခရေ နီရာပဲ။ ယင်းပိုင်ဖြိုက်လို့ ကျနော် မြောက်ဦးအကြောင်းကို ရွီးချင်နီစော်ပါ။ပြီးကေ မြောက်ဦးရေ ဇာရာသီပဲ ကြည့်ကြည့် လှပါရေ။ မိုးခါလည်း မိုးခါအလျောက်၊ ဆောင်းလည်း ဆောင်းအလျောက်၊ နွေလည်းနွေအလျောက် လှပါရေ။ နောက်ပြီးကေ မြောက်ဦးမှာ တခြားဒေသတိနန့်မတူရေ ထူးခြားချက်တိဟိပါရေ။ ယင်း ထူးခြားချက်တိကို တခြားလူတိ ခံစား စီချင်လို့ တင်ပြရစော်ဖြိုက်ပါရေ ” လို့ ပြောပြလားပါရေ။
ပန်းချီကားကောင်းတစ်ခုဖြိုက်ဖို့အတွက် အင်္ဂါရပ်(၅)ချက်ဟိပါရေ ပန်းချီပညာရှင်တိက ဖွင့်ဆိုသတ်မှတ်ထားခကတ်ပါရေ။ ယင်းချင့်တိမှာ (၁) အလင်းအား(light value)၊ (၂) အနုအရင့်(tone value)၊ (၃) ဆေးသားအရောင်(colour value)၊ (၄) မာမှုပျော့မှု(texture value)၊ (၅) ဆေးသား အထူအပါး(payment value) ရို့ဖြိုက်ပါရေ။ ပန်းချီရွှေမောင်သာမှာ ပန်းချီကားတစ်ခုရွီးဆွဲဖို့အတွက် ယင်းအင်္ဂါရပ်ငါးခုကို အဓိကအလေးထားရွီးဆွဲပါရေ။ ယင်းပိုင်ဖြိုက်လို့ ဓာတ်ပုံလိုက်စားရေလူတိ ဓာတ်ပုံ ပညာရှင်တိ ပန်းချီ ပညာရှင်တိ မြောက်ဦးကို လားရောက်လည်ပတ်ကတ်တေဆိုကေ အေဓာတ်ပုံပြခန်းကိုလည်း လားရောက်လည်ပတ်ပနာ အမှတ်တရာ ဓာတ်ပုံတိကို ၀ယ်ယူစုဆောင်နိုင်ပါရေလို့ တင်ပြလိုက်ပါရေယေ။