ဗမာ့စစ်ဝါဒအောက်မှလူမျိုးများနှင့်ဗုဒ္ဓသာသနာ (၁)

ဗမာ့စစ်ဝါဒအောက်မှလူမျိုးများနှင့်ဗုဒ္ဓသာသနာ

ကျားကြီးကျော်ခိုင်အောင်

အမှာစာ

ရေးသားရခြင်းအကြောင်း

           လူမျိုးတမျိုးကို တခြားလူမျိုးတမျိုးက အပြစ်တင် ဝေဖန်ရေးသားခြင်း မလုပ်အပ်ပေ။ ထိုထက် အတူတကွ နေထိုင်ကြသောအခါ တဦးကိုတဦး အပြစ်အနာရှာ၍ အားနဲချက်ကို ဝေဖန်ခြင်းမှာ သာ၍မလုပ်အပ်ပေ။ ဒေါသသင့်သော ဤစာကို အဘယ်ကြောင့် ရေးရသနည်း ဟူမူ ဗမာတို့က တိုင်းရင်းသား ညီအကိုတွေပါဟု သတ်မှတ်ခံရသော လူမျိုးတို့မှာ ဗမာနှင့် အတူ ပူးပေါင်းနေထိုင်ခြင်း အားဖြင့် အမြတ်မရ သည်သာမက အရင်းပါ ပြုတ်ရမည့် အခြေသို့ ဆိုက်သည့် လူမျိုးက ဆိုက်နေကြ လေပြီ။ လက်နက်ကိုင် လမ်းစဉ် ဖြင့်လည်း နယ်မြေကို ထိမ်းမထားနိုင် နိုင်ငံရေး အရလည်း စစ်မှန်သော စေ့စပ် ဆွေးနွေးရေးကို မလုပ်နိုင် ပတ်ဝန်းကျင် နိုင်ငံများကလည်း အာဏာရ လူတန်းစားနှင့် အလိုတူ အလိုပါ ကိုယ်ကျိုးရှာ စီးပွားရေး စစ်ရေး နိုင်ငံရေး ပေါ်လစီ များကို ချမှတ် ကျင့်သုံး လာကြသော အခါ အရေခွံထူ နိုင်ငံရေး သမား များမှအပ အမျိုးသား သစ္စာဖေါက် အောက်ကျု့ခံ နိုင်ငံရေး အုပ်စုမှာ ဗမာအာဏာရှင် တို့နှင့်ပေါင်းပြီး ကိုယ့်လူမျိုးကို ကိုယ် နှိပ်စက်ကလူ ပြုကြပြန်လေသည်။ ထိုထက်မက ကိုယ့် အမျိုးသား၏ ဘာသာရေး လူမှုရေး နိုင်ငံရေး ယဉ်ကျေးမှု အနုပညာ တို့ကို နည်းပေးလမ်းပြ ပြုကာ အကြံပေး ဖျက်ဆီး၍ အာဏာရှင် တို့အလိုကျ နည်းပေးလမ်းပြ ပြုလုပ်ကြ လေသည်။ ထို့ကြောင့် အမှန်တရားတို့ ကွယ်ပျောက်၍ ဗမာ အာဏာရှင်တို့၏ လိမ်ညာမှု အောက်တွင် နစ်မွန်း ရောထွေး ယှက်တင် ဖြစ်မည်ကို စိုး၍၄င်း ဗမာတို့၏ လိမ်ညာလွန်းသော ၀ါဒသည်  တနေ့အမှန် ဖြစ်သွား မည်ကို စိုးရိမ်၍၄င်း ရှမ်းသည်ရှမ်း ရခိုင်သည်ရခိုင် ဗမာသည် ဗမာသာ ဖြစ်သင့်ပြီး သူ့ ယဉ်ကျေးမှုနှင့်သူ ရန်မဖြစ် ခိုက်မဖြစ် တဦးကိုတဦး စိတ်မနာ ကြရလေရန် အတတ်နိုင်ဆုံး အဖြစ်မှန်များကို ပြည်သူအများ သိစေလို၍ ရေးသားရခြင်းဖြစ်သည်။

ဗမာ၏နိုင်ငံရေးပရိယာယ်

             ၁၉၄၈ ခု လွပ်လပ် ရေးမရမှီက ဗိုလ်ချုပ်အောင်ဆန်း၏ စည်းလုံးမှု အောက်တွင် တိုင်းရင်းသား ခေါင်းဆောင်များ စုစည်း ညီညွတ်လျက် ဗမာ တကျပ် ရှမ်း တကျပ် မူဖြင့် အေးအတူ ပူအမျှ တစုတ၀န်းတည်း နေထိုင်ကြရန် သဘောတူညီ ခဲ့ကြသည်။ ဗိုလ်ချုပ် ကျဆုံးပြီးနောက် ဦးနု ၀န်ကြီးချုပ် ဖြစ်လာသောအခါ ဗိုလ်ချုပ်နှင့် တိုင်းရင်းသား ခေါင်းဆောင် များ ချုပ်ဆိုထားသော ပင်လုံ သဘောတူညီချက် စာချုပ်ကို စက္ကူစုတ်သဖွယ် သဘောထား ကါ ဗမာတယောက်နှင့် တိုင်းရင်းသားတို့၏ ချုပ်ဆို ရရှိခဲ့သော သဘောတူ ညီချက်သည် နောက်တယောက် ဗမာအာဏာ ရလာသောအခါ အလိုအလျှောက် ပျက်ပျယ် သွားခဲ့လေ သည်။ ထိုအကြောင်းကြောင့်ပင်လျှင် ၀န်ကြီးချုပ် ဦးနုသည် တိုင်းရင်းသား ခေါင်းဆောင်တို့ကို အစိုးရ၏ အရေးပါသော နေရာများမှ စနစ်တကျ ဖယ်ရှားပစ်ခဲ့လေသည်။ တိုင်းရင်းသား ခေါင်းဆောင်တို့က ဖက်ဒရယ် စနစ်ကို ကျင့်သုံးရန် ပြောလာသော အခါ ၀န်ကြီးချုပ် ဦးနုသည် ပြည်ထောင်စု အာဏာကို ပါးနပ်စွာ ဦးနေ၀င်း အားအပ်၍ ပြည်ပကို ထွက်ခွာပြီး နောက်မှလည်း တိုင်းရင်းသားတို့ အပေါ် သပ်ချို သွေးခွဲ အကျပ်ကိုင် မက်လုံးပေး စသည့် နည်းမျိုးစုံနှင့် ဖျက်ဆီးခဲ့လေသည်။ အိန္ဒိယ နိုင်ငံရောက် ၀န်ကြီးချုပ်ဟောင်း ဦးနုသည် ဦးသုမနခေါ် သီရိ(ခေါင်းချုပ်ဘုန်းကြီး) ကို ရူပီးငွေ သုံးသိန်းပေး၍ ဘင်္ဂလားဒေသ တောင်တန်း နယ်တွင် ရခိုင်တော်လှန်ရေး သမားများ မခိုမကပ် နိုင်အောင် မရမာ နှင့် ရခိုင်သည် လူမျိုး နှစ်မျိုး ဖြစ်သည်။ မရမာသည် မြန်မာဖြစ်၍ ပဲခူးမှလာသည်။ မြန်မာသည် ဗမာဖြစ်သည်။ ရခိုင်သည် ရခိုင်သာဖြစ်၍ မရမာသည် မြန်မာ၊ ဗမာဖြစ်ပြီး ဘုရင့်နောင် မျိုးနွယ်မှ ဆင်းသက် လာသည်ဟူ၍ သွေးခွဲသည့် အစီအစဉ်ကို စနစ်တကျ လုပ်ဆောင် ခဲ့လေသည်။ ထို့ကြောင့်  ရခိုင်နှင့်မရမာ လူမျိုးနှစ်မျိုး ကွဲကါ ရခိုင် လူ့အဖွဲ့ အစည်း၏ စည်းလုံးမှုကို မတည် ဆောက်နိုင်ဘဲ အငြင်းပွားမှု အမျိုးမျိုး ဖြစ်နေကြ ရသည်မှာ သာဓက တခုပင် ဖြစ်ပါသည်။

ဗမာပြည်လွပ်လပ်ရေးဇာတာ

 ၁၉၄၈ ခု ဇန္န၀ါရီလ ၄ ရက် တနင်္ဂနွေနေ့ အာရုဏ်တက် ၄ နာရီ ၂၀ မိနစ် အချိန် တွင်ယူထားသော ဗမာပြည် လွပ်လပ်ရေးဇာတာ

၁။ တနင်္ဂနွေဂြိုလ်               ဓနုရာသီ        ၁၉ အံသာ ၂၆ လိတ္တာ
၂။ တနင်္လာဂြိုလ် (စန်း)        ကန်ရာသီ      ၂၄ အံသာ ၅၀ လိတ္တာ
၃။ အင်္ဂါဂြိုလ်                     သိန်ရာသီ        ၁၄ အံသာ ၂၇ လိတ္တာ
၎။ ဗုဒ္ဓဟူးဂြိုလ်                   ဓနုရာသီ         ၁၉ အံသာ ၃၈ လိတ္တာ
၅။ ကြာသပတေးဂြိုလ်          ဗြိစ္ဆာရာသီ       ၂၂ အံသာ ၄၅ လိတ္တာ
၆။ သောံကြာဂြိုလ်               မဂါရရာသီ       ၁၉ အံသာ ၃၀ လိတ္တာ
၇။ စနေဂြိုလ်                      ကြဌ်ရာသီ       ၂၈ အံသာ ၄၇ လိတ္တာ
၈။ ရာဟုဂြိုလ်                     မိသရာသီ        ၂၇ အံသာ ၃၇ လိတ္တာ
၉။ ကိတ်ဂြိုလ်                     တူရာသီ           ၂၇ အံသာ ၃၇ လိတ္တာ
၁၀။ လင်္ဂ                           ဗြိစ္ဆာရာသီ         ၁၇ အံသာ ၄၁ လိတ္တာ

         ဤဇာတာအရ ၀န်ကြီးချုပ် ဦးနုသည် ဗမာတို့ အမြဲတမ်း အာဏာရရှိရန် ဖန်တီးထားခဲ့သော ဗြိစ္ဆာလင်္ဂ ကန်စန်း ရာဟုထီးဆောင်း မင်းလောင်း ဇာတာဖြင့် တိုင်းရင်း သားတို့ အပေါ် လှည့်စား၍ ဗမာနိုင် လွပ်လပ်ရေးကို ယူပေးခဲ့သည်။ ထို့ပြင် ဤဇာတာသည် တိုင်းရင်းသား အားလုံး တိုးတက်မှုကို ရှေးမရှုဘဲ ဗမာသည် ဘုရင်လုပ်၍ တိုင်းရင်းသား တို့ကို မယားလုပ်ကာ ဗမာ အောက်မှ တခြားလူမျိုးများ နေရရန် ကြံရွယ်ချက်ဖြင့် ၀န်ကြီးချုပ် ဦးနုနှင့် အပေါင်းပါ တစုတို့ ယူထားသော လွပ်လပ်ရေး ဇာတာဖြစ်သည်။ (ဗိုလ်ချုပ်အောင်ဆန်း၏ လွပ်လပ်ရေး ဇာတာ၊ လွတ်တော် မှ ကြေငြာမည့် လွပ်လပ်ရေးဇာတာ၊ ၀န်ကြီးချုပ် ဦးနု၏ လွပ်လပ်ရေး ဇာတာ ဟူ၍ ဗမာပြည် လွပ်လပ်ရေး ဇာတာ သုံးခုရှိသည်။)

ရေးရအုံးမည်

         ဤစာအုပ်တွင်ပါသော တချို့အကြောင်းအရာ တို့မှာ ကိုးကားထားသော ကျမ်းစာတို့မှ ထုတ်နုတ်ထားခြင်း ဖြစ်ပါသည် ထို့ပြင် မိဘ ရိုးရာ အစဉ်အဆက် ပြောခဲ့ကြသော အကြောင်းအရာ တို့ကိုလည်း တွေ့ ကြရပါမည်။ ဥပမာ ရှင်မဟာဗုဒ္ဓဃောသ အကြောင်းမျိုးပင် ဖြစ်ပါသည် ဗမာစာရေးဆရာတို့က ရှင်မဟာဗုဒ္ဓဃေါသ ကို အိန္ဒိယနိုင်ငံသား ပုဏ္ဏားမျိုး ဟု ရေးသားကြသည်။ အိန္ဒိယ နိုင်ငံသား တယောက်သည် ဗုဒ္ဓစာပေများကို မရမာဘာသာသို့ ပြန်ရေးခဲ့သည်မှာ စဉ်းစားစရာ ပင်ဖြစ်သည်။ ဤသို့ဗမာတို့၏ ရှေ့နောက်မညီသော အရေး အသားတို့ကို ဖေါ်ပြရသည်မှာ လူအများသိစေလို၍ ဖြစ်ပါသည်။
         ဗန္ဓုလအကြောင်းကို ရေးရာ၌လည်း ခုနှစ် သက္ကရာဇ် နှင့် နောက်ကြောင်းရာဇ၀င် တို့မှာ သမိုင်းစာအုပ်တွင် အလွယ်တကူရှိနေရာ အပြည့်အစုံ ဖေါ်မပြဘဲ စာရေးသူ၏ သိစေချင်သည့် အချက်တို့ကိုသာ ဖေါ်ပြရေးသား ပါသည်။ နုတ်ခမ်းမွေး ကျင်စွယ်နှင့် ဘုရားကိုလည်း ထို့အ တူပင် ဖြစ်ပါသည်။ ယခု မန္တလေး သားတို့ သိမည် မဟုတ်သော်လည်း သက်ကြီးသူအိုတို့ သိကြ မည်ဖြစ်သည်။ တိုင်းရင်း အတူနေ လူမျိုးတို့အပေါ် အာဏာရ ဗမာတို့၏ နိုင်ငံရေး ကလိမ် ကျမှုမှာ ဘုရင်ခေတ် အင်္ဂလိပ်ခေတ် ဂျပန်ခေတ် ဦးနု နေ၀င်း ခေတ်မှ စောမောင် ခင်ညွန့် သန်းရွေ ခေတ်ဖြစ်သော ယနေ့တိုင်ပင်ဖြစ်ပါသည်။ တိုင်းရင်းသား လူမျိုးတို့မှာ အာဏာရှင် ဗမာတို့၏ လိမ်ညာမှု အောက်တွင် မလူးသာ မလွန့်သာ ရှိနေရကါး ခံစားရမှု နစ်နာရမှု ဆုံးရှုံးရမှု တို့ကို ရေးသား တင်ပြသည်မှာ လွန်အံ့မထင်။ မိမိလူမျိုး အကြောင်းကို ရေးရာ၌ အတူနေ လူမျိုးတို့ အကြောင်းကိုလည်း အနဲနှင့်အများ ကိုးကား ရလေသည်။ အထူးသဖြင့် ဗမာတို့ အကြောင်းကို ရေးသည်ကို အပြစ် မမြင်စေချင်ပါ၊ အဘယ်ကြောင့် ဆိုသော် တိုင်းရင်း လူမျိုးတို့မှာ ပြောပိုင်ခွင့် ဆိုပိုင်ခွင့် ဖြစ်သော ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဆိုသည်မှာ ဝေးစွ မိမိနေရင်း ဒေသတွင်ပင် မနေနိုင်သည့် အဖြစ်သို့ ရောက်နေ ကြရသော ကြောင့် ဖြစ်သည်။

အပိုင်း (၂)ကို ဆက်လက် တင်ပြပေးသွားပါမည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အေဆောင်းပါးရေ လေးဝတီ၏ အာပေါ်လုံးဝမ ဟုတ်ပါ။ စာရွီးရေ လူ၏ တင်ပြချက်သာ ဖြိုက်ပါရေ။
................................
လေးဝတီ
Copyright 2012 Arakan Today