ဆန္ဒစောရေ နော်ဝေးနိုင်ငံက မြန်မာနိုင်ငံကို စီးပွားရီးပိတ်ဆို့ထားစော်ကို တရားဝင်ရုပ်သိမ်း


ဒေလ ဇန်နဝါရီ ၁၄ ရက်နိန့်မှာ ဥရောပနိုင်ငံတစ်နိုင်ငံဖြိုက်တေ နော်ဝေးနိုင်ငံက မြန်မာနိုင်ငံကို အဂုလောလောဆယ် အရောင်မကွဲသိမ့်ရေ မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုကို တွိ့ရလို့ မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့ထားစော်ကို တရားဝင်ရုတ်သိမ်းလိုက်တေလို့သိရပါရေ။

ဦးသိန်းစိန်အစိုးလက်ထက်မှာ သုံးကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်ပြီးကေ နောက်တရက်နိန်မှာ ရုပ်သိမ်းလိုက်စော်ဖြိုက်ပါရေ။ နော်ဝေးနိုင်ငံခြားရေး ဝန်ကြီး Joneas Gahr Store ကိုယ်တိုင်ပင် မြန်မာနိုင်ငံသို့ လာဖို့ဆိုစော်ကိုလည်း တရားဝင်ကြေငြာပီးထားပါရေ။

ယင်းတွက်နန့် ဒေမြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုမှာ ရခိုင်လူမျိုးအနေနန့် ဇာလောက်ရပိုင်ခွင့်ရဖို့လဲ ဆိုစော်ကို စောင့်ကြည့်ရဖို့ဖြိုက်ပါရေ။ နအဖ လက်ထက် လမ်းပြမြီပုံ ၇-ချက်အတိုင်း ၂၀၀၈- ဖွဲ့စီးပုံကို အခြီခံထားရေ ရွေးကောက်ပွဲကို ကျင်းပဘနာ လုပ်ချင်ပိုင်လုပ်လားခပါရေ။ အဂုလည်း နိုင်ငံရေးကွက်ကျော် ကစတ်ဘနာ နိုင်ငံတကာကို အမျိုးမျိုးလှည့်စားဖို့ပျင်နိန်ပါရေ။

တိုင်းရင်းသားလက်နက်ကိုင်တိနန့် ငြိမ်းချမ်းရီးယူပြီးကေ ဟန်ဆောင် အယောင်ပြ လုပ်နိန် ပါရေ။ နောက်ဇာပိုင်ခြီလှမ်းလှမ်းဖို့လဲဆိုစော် ရခိုင်သားတိအနေနန့် ပွဲလန့်တုန်း ဖျာခင်းနိုင်အောင် ပြင်ဆင်ထားကတ်ပါလို့ တိုက်တွန်းယင်း။
....................................
လေးဝတီ
Copyright 2012 Arakan Today