အရှင်ရယ်.....
အရှင်ဟာ ဥပေက္ခာ လူသားလော့...............
သမ္မများမေ့ကျန်ခဲ့လေသလော့......
.......
ဘယ်သူတွေကများ အရှင့်ကို ထားခဲ့ကြတာလဲ........
နိုင်ငံရေးဟာ
လမ်းဘေးမှာ လူကြားကောင်းအောင် အော်နေမှ မျှော်လင့်ချက်အတွက်ထောင်ကျကြတာ
လား.....
Asian မှာ ဥက္ကဌ ဘွဲ့ခံဖို့အတွက် အပစ်အခတ်ရပ်စဲခြင်း ခဏတာမှာ ထိုထိုသော သူတွေ ချိုးငှက်တွေ ကိုယ်စီနဲ့ ရင်ဝယ်ပိုက်ခဲ့ကြတယ်။
မီဒီယာ လှိုင်းလုံးကြီးတွေက အသံတွေ ဆူညံကြတယ်။
အဲဒါဟာ သမ္မတဲ့ နိုင်ငံရေးအမြင်ကျယ်မှုတဲ့။
ပရဟိတနဲ့ မျိုးချစ်ခဲ့တဲ့ အရှင်က နိုင်ငံရေးမှာ ဘယ်လိုမှ မပတ်သက်တဲ့။
ခေတ်ပေါ်နိုင်ငံရေး ရေစီးကြောင်းဝဲဂယက်မှာလည်း အရှင်ဟာ မျက်ကမ်းမျိးချစ်တဲ့။
ကျားကြီး လည်ပန်ကြည့်သော်လည်း အရှင်ဟာ ရာဇ၀တ်အကျဉ်းသားတဲ့။
လူထုက အရှင့်အတွက် ဆုတောင်းကန်တော့ပွဲတွေ အရှင့် လွတ်မြောက်ရေးအတွက် လက်မှတ်ထိုးလှုပ်ရှားမှုတွေက ခွတ်ဒေါင်းအလံမပါတဲ့အတွက် အကျိုးမ၀င်ဘူးတဲ့။
သရက်ပင်ကိုင်း လှောင်ချိုင့်ထဲမှ ငှက်မျိုးစုံလွတ်မြောက်ပျံသန်းန
ိုင်ပေမဲ့ အရှင်ဟာ အတောင်မစုံတဲ့ ငှက်ဖြစ်ခဲ့ရလေယင့်......
မဟာသမုဒ္ဒရာထဲမှာ ရွက်စုံဖွင့်နေတဲ့ လှေငယ်ရှင်ဖြစ်ခဲ့ရလေယင့်......
.
နောင်တစ်ကြိမ်ကို အံခဲဖို့ နှစ်သိမ့်မှုတွေကြားမှာ မေ့မျှောရလေယင့်...... .
လက်ဆွဲနုတ်ဆက်မှုတွေ့နဲ့ တိတ်တခိုးကျရတဲ့ အရှင့်ရဲ့ မျက်ရည်တွေကလည်း ကျွန်ပ်တို့အတွက် ဂုဏ်ယူလျှက်.........
အရှင့်ရဲ့ ထာဝရစီးနေတဲ့ မေတ္တာရေစီးကြောင်းဟာလည်း လူသားတွေအတွက်
ကျေးဇူးတင်ပါတယ်။
Mrat Naing