
မြောက်ဦး(ရခိုင်ရိုးမ)။ ။ရခိုင်ပြည်နယ်အတွင်း အခြီစိုက် စစ်တပ်တိရေ ရခိုင်ပြည်သူတိ လုပ်ကိုင်စားသောက် နိန်ကတ်တေ လယ်ယာမြီ၊ ဥယျာဉ်ခြံတိကို အတင်းအဓမ္မသိမ်းယူမှုတိ ထပ်တိုးလာကြောင်း သတင်းရဟိပါသည်။
မြောက်ဦးမြို့နယ် အခြီစိုက် ခမရ (၃၇၇)၊ (၃၇၈) စရေ စစ်တပ်တိက ပြည်သူတိလုပ်စားနိန်ရေ လယ်ဧက တစ်ချို့ကို သိမ်းယူထားကြောင်း မြောက်ဦးမြို့နယ်က လယ်သမားတစ်ယောက်က ပြောပါသည်။
“ဟုတ်ပါရေ၊ ကျနော်လေ့ ရွာတော့ အတိကျမသိပါ၊ သိမ်းရေလို့တော့ ကြားလိုက်တေ၊ ဇာပိုင်သိမ်းစွာတော့ မသိပါ၊ သိမ်းရေ စစ်တပ်က မြောက်ဦး အခြီစိုက်တပ်ရင်းကပါ’’ လို့ ယင်းလယ်သမားက ပြောပါသည်။
မြောက်ဦးမြို့နယ် မြက်ရိက်ကျွန်းကျေးရွာအုပ်စု အမှတ် (၈၉၀-A) (၈၈၉-F) (၈၈၉-G) အတွင်းမှာဟိရေ လယ်မြီ ဧက ၂၀၀ ကျော်ကို ခမရ ၃၇၈ က သိမ်းယူထာကြောင်း သိရပါသည်။
ယင်းမြီကွက်တိစွာ ဒေသခံပြည်သူတိ နှစ်ပေါင်း ၁၀၀ ကျော်ကပင် လုပ်ကိုင်စားသောက်လာကတ်တေ လယ်ကွင်းတိ ဖြိုက်တေလို့လည်း သိရပါသည်။
ယင်းကြောင့် ဒေသခံတစ်ချို့မှာ လုပ်စားဖို့အတွက် လယ်ယာတိ မဟိဖြိုက်နိန်ကြောင်း သက်ဆိုင်ရာကို တင်ပြထားကေလေ့ ဒေနိ့ထိ ဖြေရှင်းပီးမှု မဟိသိမ့်ကြောင်း ယင်းလယ်သမားက ဆက်ပြောပါသည်။
ယင်းအပြင် စစ်တပ်က တဧကကို စပါးတင်း ၅၀ စီ လယ်သမားတိဘားက ကောက်ခံနိန်ကြောင်းလည်း သိရပါသည်။
မင်းပြားမြို့နယ် ကျိန်းတောင် အနောက်ဘက် ကျေးရွာတိဖြိုက်တေ ဆင်ကြီးပြင်၊ ဘူးပင်၊ သမင်ခြီရာ စရေ ကျေးရွာတိအတွင်း ပြည်သူတိလုပ်စားနိန်ကတ်တေ လယ်မြီနန့်ဥယျာဉ်ခြံတိကိုလည်း ခမရ(၅၅၅)၊ ခမရ (၅၄၁) စရေ တပ်ရင်းတိက သိမ်းယူထာကြောင်းလည်း သိရပါသည်။
ရခိုင်ပြည်နယ်အတွင်း စိုက်ပျိုးနိုင်ရေ ဧရိယာမှာ (၁၃၀၀၁၄၇) ဧက ဟိပြီးကေ အသုံးချမှုမှာ ၁၄ ရာခိုင်နှုန်းရာ ဟိကြောင်း၊ ယင်းအထဲက စိုက်ပျိုးမြီ (၁၂၈၉၀၀၂) ဧက အသုံးချမှုက ၁၄.၃၁ ရာခိုင်နှုန်း အခြား မြီတိ စိုက်ပျိုးခြင်းမပြုရေ မြီက (၂၃၀၀၀၄၁) ဧက ဟိပြီး၊ အသုံးပြု ရာခိုင်နှုန်းက ၂၅.၃၁ ရာ ဟိကြောင်း သိရပါသည်။
ယင်းအပြင် အတည်မပြုနိုင်သိမ့်ရေ သတင်းတရပ်အရ ရခိုင်ပြည်နယ်အတွင်း စစ်တပ်က လယ်ယာသိမ်းယူမှုမှာ ၂၅ ရာခိုင်နှုန်း ဟိကြောင်း သိရပါသည်။
.........................
ရခိုင်ရိုးမ
