စစ်တွေမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရီးနန့် ဒေသဖွံ့ဖြိုးရီးအဖွဲ့ဖွဲ့စီး


ရခိုင်ပြည် စစ်တွေမြို့မှာ ၂၀၁၂-ခုနှစ် ဇန်နဝါရီလ ၂၉-ရက်နိန့်မှာ သဘာဝပတ်ဝန်းကျင် နန့် ဒေသဖွံ့ဖြိုးရီးအဖွဲ့တစ်ခုကို ဖွဲ့စီးလိုက်တေလို့ ယင်းအဖွဲ့သတင်းထုတ်ပြန်ချက်အရသိရပါရေ။ အဖွဲ့ဖွဲ့စီး ရခြင်း၏အဓိက ရည်ရွယ်ချက်မှာ ရခိုင်ပြည်တလျှောက်လုံးအတွက် ပျက်စီးနိန်ရေသဘဝပတ်ဝန်းကျင်တိကို ထိန်းသိမ်းကာကွယ်ပြီးကေ ယင်းနိန်ရပ်မှာဟိရေ လူတိနန့် ပူးပေါင်းပနာ ဖွံ့ဖြိုးရီး လုပ်လားဖို့လို့ သိရပါရေ။ ယင်းအဖွဲ့ကို စစ်တွေမြို့မှာဟိရေ ဧစေတီလေးလုံးထဲက အရှိဖက် ဧစေတီမှာ ဖွဲ့စည်းလိုက်တေလို့ လေးဝတီက သတင်းရဟိပါရေ။ အဖွဲ့အစည်းဖွဲ့ရေပုံစံက နာယက (၅)ယောက်၊ အလုပ်မှုဆောင် ကော်မတီ (၂၀) ယောက်၊ အဖွဲ့ဝင် (၆၀) ယောက်ရို့နန့် ဖွဲ့စည်းလိုက်တေလို့ အဖွဲ့အစည်းဝင်ကော်မတီတယောက်က လေးဝတီကို အဂုပိုင်ပြောပါရေ။ " ကျွန်နော်ရို့မှာ အဂုလောလောဆယ်တော့ခါ လိုအပ်ချက်တိကို အကြမ်းလောက်ရာ ရီးဆွဲတုန်းသိမ့်ပါ။ ကော်မတီမှာ ပြန်လို့ ဆွေးနွေးပြီးကေ အတည်ပြုလားပါဖို့။ နောက်လုပ်ဖို့ လုပ်ငန်းစိုင်တိ ကိုတော့ခါ အတိအကျပြောဖို့ အချိန်စောနိန်ပါသိ့မ်ရေ၊ စိတ်ဝင်တစားလုပ်ရဖို့အလုပ်တိကတော့ခါ အများကြီးပါရာ။ ၂၉ ရက်နိန့်ခါတော့ခါ အဓိထားဆွေးနွေးခကတ်စော်ကတော့ခါ စိတ်ဝင်စားဖို့ကောင်းပါရေ။ အဓိက ရီလုပ်ငန်းမှာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတိအများကြီးပါရာ။ မြစ်တိ၊ ချောင်းတိ၊ ပုဇွန်ကန်တိ၊ ဆားကွင်းတိ၊ နောက် လမုတောတိလည်း ကကောင်းပျက်စီးဆုံးရှုံးနိန်ပါဗျယ်။ ယင်းစော်တိကို ပြန်လို့ အစားထိုးရဖို့စော်က မလွယ်ပါသိမ့်။ နောက်နောင် လုပ်ဖို့ကိုင်ဖို့စော်တိက အာဏာပိုင်တိဘားက ခွင့်ပြုချက် ရယူပြီးကေ လုပ်လာဖို့ အစီအစိုင်ဟိပါရေ။ နောက်ပြီးကေ ရခိုင်ပြည်မှာ လုပ်နိန်ရေ စီမံကိန်းတိ ဥပမာ- ရွှေဂတ်စ်ရို့၊ အိန္ဒိယကဆောက်လုပ်ရီးကုမ္ပဏီ တစ်ခု ဖြစ်တေ ESSAR Project (India) Ltd, EPIL က လုပ်ဖို့ ကုလားတန် မြစ်စီမံကိန်းနန့် စစ်တွေ ဆိပ်ကမ်းစရေ စီမံကိန်းတိနန့် ပတ်သက်တေ အကြောင်းအရာတိ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပျက်စီးဆုံးရှုံးနစ်နာမှုတို ကွင်းဆင်းလေ့လာသုတေသန မှတ်တမ်းတိကို သက်ဆိုင်ရာရို့ဘားသို့ တင်ပြလားဖို့ စီစိုင်ထားပါရေ။" ESSAR ၏ စီမံကိန်း တာဝန်ဟိရေလူတိနန့် တွိ့ဆုံဆွေးနွေးလားဖို့လို့လည်း ယင်းကော်မတီဝင်ကလည်း ဖြည့်စွက်ပြော လားပါရေ။ နောက်ပြီးကေ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သင်တန်းတိ၊ တွိဆုံဟောပြောပွဲတိ၊ အသိပညာ ပီးဆွေးနွေးမှုတိ ကိုလည်း ဒေသခံ ပြည်သူတိဘားသို့ သင်တန်းပို့ချ ဆွေးနွေးလားဖို့လို့လည်း သိရှိရပါရေ။
..........................
လေးဝတီ - လွတ်လပ်တေ ရခိုင်သတင်းဌာန
Copyright 2012 Arakan Today