ကျောက်ဖြူ ရွှီသဘာဝဓာတ်ငွေ့ စီမံကိန်းလုပ်ငန်းခွင်က ၀န်ထမ်းတစ်ချို့ လစာမရဖြစ်နိန်


ကျောက်ဖြူမြို့ သဘာဝဓာတ်ငွေ့ စီမံကိန်းလုပ်ငန်းခွင်တိမှာ ၀င်ရောက်လုပ်ကိုင်နိန်ကတ်တေ ၀န်ထမ်းတစ်ချို့ လစာမရ ဖြိုက်နိန်ကြောင်း သတင်းရဟိပါသည်။

သဘာဝစီမံကိန်းမှာ အစုရှယ်ယာအဖြိုက် ပါဝင်နိန်ရေ စင်ကာပူနိုင်ငံ အခြီစိုက် ကုမ္ပဏီတစ်ခုက ၀န်ထမ်းတိကို လစာ ဖြတ်တောက်ထားစွာ ဖြိုက်တေလို့ ယင်းဝန်းထမ်းတိနန့် နီးစပ်ရေလူတိက ပြောဆိုပါသည်။

“တစ်ချို့ဆိုကေ သုံးလတောင်ရှိဗျာယ် လစာ မရစွာ၊ ကုမ္ပဏီတာဝန်ခံလည်း ရှောင်ဗြီးနိန်ရေလို့ ကြားရေ၊  တစ်ချို့ဝန်ထမ်းတိကလည်း တခြားကုမ္ပဏီတိမှာ ၀င်လုပ်လားကတ်စွာတိ ဟိရေ ၊ ကုမ္ပဏီက စင်ကာပူကပါ၊ ယင်းမှာ လုပ်ကတ်တေ၀န်ထမ်းတိက ဗမာလူမျိုးလေ့ ပါရေ၊ ဒေသခံတိလည်းပါရေ၊ နိုင်ငံခြားသားတိတော့ နည်းနည်းလောက်ရာ” လို့ နာမေ မဖော်ချင်ရေ ၀န်ထမ်းတစ်ယောက်က ပြောပါသည်။

ယင်းကုမ္ပဏီ ထိပ်ပိုင်းခေါင်းဆောင်တိအကြား ငွေကြေးပြဿနာတိ ပေါ်ပေါက်လာရေအတွက် ယင်းက ၀န်ထမ်းတိအတွက် လစာကိစ္စတိ ဂယက်ရိုက်လားစွာ ဖြိုက်တေလို့လည်း သိရပါသည်။

“ကျနော်ရို့ လစာ မရခဗျာယ်၊ မန်နေဂျာကလည်း ပီးဖို့လို့တော့ ပြောရေ၊ ယေဒါလေ့ အဂုထိ မရသိမ့်’’ လို့ ယင်း ကုမ္ပဏီမှာ လုပ်ကိုင်ခသူတစ်ယောက်က ပြောပြပါသည်။

ယင်းကုမ္ပဏီရေ  Punj Lloyd PTE Co.,LTD ၏ လက်အောက်မှာ ပိုက်လိုင်းစီမံကိန်းအတွက် အထွေထွေအကျိုးဆောင် လုပ်ငန်းတိကို လုပ်ကိုင်နိန်ရေ ကုမ္ပဏီ ဖြိုက်တေလို့ သိရပါသည်။

ယင်းကုမ္ပဏီမှာ ၀န်ထမ်းအများစုရေ ဒေသခံတိအများကြီး ပိုက်လိုင်းသွယ်တန်းရာမှာ ၀င်ရောက်လုပ်ကိုင်နိန်စွာ ဖြိုက်တေလို့ သိရပါသည်။

အဂုအခါ ယင်းကုမ္ပဏီက ၀န်ထမ်းအများစုမှာ တခြားကုမ္ပဏီတိမှာ အလုပ်ဝင်ရောက် လုပ်ကိုင်နိန်ကတ်ရကြောင်း သိရပါသည်။

ယင်းအပြင် ဒေဂုလ ၁ ရက်နိ့က ကုမ္ပဏီတစ်ခုမှာ ကားသမားတစ်ယောက်ကိုလည်း  အကြောင်းပြချက် တစ်ခုလေ့ မဟိဘဲနန့် အလုပ်က ဖြုတ်လိုက်ကြောင်း သတင်းရဟိပါသည်။
....................
ရခိုင်ရိုးမ
Copyright 2012 Arakan Today