
မဒေးကျွန်း ရီနက်ဆိပ်ကမ်းနားမှာ တဲထိုးပနာ နိန်ကတ်ရရေ ဒေသခံရို့၏ နီအိမ်တိ (ဓာတ်ပုံ-ရခိုင်ရိုးမ)
တရုတ်ပြည်၏ စီးပွားရေးနယ်မြေသစ်တခုဖြစ်တေ မဒေးကျွန်းက ဒေသခံပြည်သူတိရေ စားဝတ်နီရေး ခက်ခဲနိန်ကေလေ့ စီမံကိန်းကုမ္ပဏီတိအနိန်နန့် အကူအညီပီးစွာတိ တစ်ခုလေ့ မဟိသိမ့်ကြောင်း မဒေးကျွန်းဒေသခံတိက ရခိုင်ရိုးမကို ပြောပါသည်။
“ အစွာပီးဖို့ရောင် တခုလဲ မပီး၊ ယင်းသူရို့ ဖြိုပလိုက်လို့ မြီတိ ဥယျာဉ်ခြံတိလည်း မရှိဗျာယ်၊ ငါးဖမ်းဖို့ကလည်း ပင်လယ်ပြင်မှာ ငါးဖမ်းလို့မရ သူရို့သင်္ဘောတိ မကန် ၊ စားစရိတ်ကလည်း ကြီးလာရေ “လို့ မဒေးကျွန်းစီမံကိန်း လုပ်ငန်းခွင်နားမှာ တဲအိမ်ထိုးပနာ နိန်ရရေ ဒေသခံတစ်ဦးက ပြောပါသည်။
မဒေးကျွန်းမှာ ဒေသခံအများစုရေ အစကပင် ငါးဖမ်းလုပ်ငန်းနန့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ ဥယျာဉ်ခြံလုပ်ငန်းတိကို လုပ်ကိုင်ခပနာ စီမံကိန်းစတင်လာရေနောက်ပိုင်းမှာ ယင်းလယ်ကွင်းတိ ဥယျာဉ်ခြံမြေတိရေ စီမံကိန်း မြီကွက်တိ ဖြစ်လားရေအတွက် ယင်းဒေသကပြည်သူတိ စားဝတ်နေရေးပိုင်းမှာ ခက်ခဲလာစွာဖြစ်တေလို့ ယင်းဒေသခံတိက ပြောပါသည်။
“ဒေသခံတိတော့ အလုပ်ရကတ်စွာရှိပါရေ၊ မဒေးကျွန်း ရီနက်ဆိပ်ကမ်းမှာလုပ်နိန်ရေ အလုပ်သမား တစ်ရာလောက်ရှိပါရေ။ တခြားနယ်တိကလည်း ရောက်လာကတ်စွာတိ ရှိပါရေ။ လုပ်ရစွာက အမျိုးမျိုးပါ၊ သန့်ရှင်းရေး၊ လက်သမား၊ ကျောက်ထမ်း၊ သဲထမ်း ယပိုင် အလုပ်တိပါ၊ နာရီနန့် လုပ်ရရေလူတိလည်း ရှိပါရေ တနာရီဆိုကေ ၅၀၀ ပီးပါရေ၊ ယင်းချင့်တိက ညစောင့်လုပ်တေလူတိ ရစွာပါ၊ တခြားလူတိက တလကို ကိုးသောင်း ရစွာလည်းရှိပါရေ” လို့ ဆိပ်ကမ်းမှာ အလုပ်လုပ်နိန်ရေ ဒေသခံတစ်ယောက်က ပြောပါသည်။
ယင်းနိန်ဒေသခံတိမှာ အယင်က လယ်ယာစိုက်ပျိုးချိန်က စားဝတ်နီရေးအတွက် အဆင်ပြေခကေလဲ အဂုအခါ ဆန်ကို ဈီးက၀ယ်စားလာရရေအတွက် ရရေဖေးသာနန့် ပြေလည်မှုမဟိကြောင်း ဒေသခံအမျိုးသမီးတယောက်က ပြောပြပါသည်။
“ဆန်ကို ၀ယ်စားနိန်ရခါ ပိုခက်ခဲလာစွာတိလည်း ရှိပါရေ၊ ဆန်တစ်အိတ်ကို နှစ်သောင်းခွဲဆိုကေ တလကို နှစ်အိတ် လောက်ကုန်ကျပါရေ၊ ဆိုခါ အလုပ်ကရရေ ဖေသာနန့် စားမလောက်စွာ ယင်းကြောင်းပါ” လို့ ဆက်ပြောပါသည်။
အဂုအခါ တံငါသည်တိ၊ လယ်သမားတိလည်း ယင်းစီမံကိန်းမှာ အလုပ်ဝင်လုပ်နိန်ရကေလေ့ ကုန်ဈီးနှုန်းမြင့်လာရေအတွက် ပိုခက်ခဲလာခြင်းဖြစ်တေလို့ ဆိုပါသည်။
“ကျနော်ရို့က မိရိုးဖလာ တံငါ အလုပ်ကို လုပ်စားလာစွာ အဂု ပင်လယ်ပြင်မှာ ငါးဖမ်းခွင့် မရဗျာယ်၊ မြို့တက် ပနာ အလုပ်လုပ်ဖို့ကလည်း မလွယ် ” လို့ ဆက်ပြောပါသည်။
ဒေသခံအများစု အဆိုအရ လယ်ယာမြီတိ ပြန်လည်အစားထိုးစိုက်ပျိုးဖို့အတွက် လိုလားနိန်ကတ်ကြောင်း သိရပါသည်။
စီမံကိန်းက ပြည်သူလူထုအတွက် အကျိုးပြုလုပ်ငန်းတိ လုပ်ဆောင်ပီးရေလို့ဆိုကေလည်း လက်ဟိမှာ ပြည်သူတိ ဒုက္ခရောက်နိန်ကတ်ကြောင်း ပြောဆိုကတ်ပါသည်။
စီမံကိန်းကလာရေ သတင်းအရ ၂၀၀၆ -၂၀၀၇ ခုနှစ် အတွင်း ရခိုင်ပြည်နယ် (၉) မြို့နယ်မှာ စာသင်ကျောင်း ပေါင်း (၂၂) ကျောင်း၊ ၂၀၀၈ခုနှစ်မှာ စစ်တွေနန့် ကျောက်ဖြူမြို့ရို့မှာ စာသင်ကျောင်း (၅) ကျောင်း ၊ ၂၀၀၉ ခုနှစ်မှာ စစ်တွေမြို့အတွင်း မူလတန်းကျောင်းဆောင်သစ် (၁) ခု၊ ကျောက်ဖြူမြို့မှာ အလယ်တန်း ကျောင်းဆောင်သစ် (၂) ခု တည်ဆောက်ပီးခကြောင်း သိရပါသည်။
