တော်လှန်ရေးသမား သက်ကြီးရွယ်အိုများ ဂုဏ်ပြုပူဇော်ပွဲ အတွက် အလှူငွေများ ထည့်ဝင်ရန် နိုးဆော်

၂၀၁၂-ခုနှစ် ဧပြီလ ၁၇ ရက် ရခိုင်နှစ်ဆန်း တစ်ရက်နေ့၌ ပြုလုပ်မည့် ရခိုင်တော်လှန်ရေးသမား သက်ကြီး ရွယ်အို များအား ဂုဏ်ပြုပူဇော်ပွဲ အတွက် ပုဂ္ဂလိက အလှူရှင်များ အနေဖြင့် အကူအညီများ ထည့်ဝင် လှူဒါန်း ကြရန် ဦးဆောင် လူပ်ရှားသူများက နိုင်ငံ တကာ ရခိုင် အသိုင်းအ၀ိုင်းသို့ ဆော်သြထားကြောင်း သတင်း ရရှိသည်။


Arakan-Rakkhita-Group-ARG
တော်လှန်ရေး လုပ်ရင်း အိုမင်း မစွမ်း ဖြစ်သွားခဲ့ကြသော တော်လှန်ရေး နယ်မြေမှ သက်ကြီးရွယ်အိုများကို ARG ခေါ် "ရခိုင်မျိုးစောင့်အုပ်စု" မှ ဘင်္ဂလားဒေ့ခ်ျ၊ ထိုင်းနှင့် အိန္ဒိယနိုင်ငံတို့တွင် နှစ်ဆန်း တရက် နေ့တွင် ဂုဏ်ပြု ပူဇော်ပွဲများ တပြိုင်နက်တည်း ကျင်းပပြုလုပ်မည်ဖြစ်သည်။ အဆိုပါ အခမ်းအနားတွင် ရခိုင်ရိုးရာ ကပွဲများဖြင့်လည်း ဖြေဖျော်မည် ဖြစ်သည်။

အဆိုပါ သက်ကြီးရွယ်အိုများ ပူဇော်ပွဲအတွက် ARG ဘဏ္ဍာရေးဌာနမှ အမေရိကန်ဒေါ်လာ ၄၀၀၀ မတည် ထားကြောင်း သိသည်။

သက်ကြီးရွယ်အိုများအား အကူအညီများ ပိုမို ထောက်ပံ့ ကူညီနိုင်ရေး အတွက် ARG မှ မတည်သောာ ငွေများ အပြင် တခြား ပုဂ္ဂိုလ်များထံမှလည်း အလှူငွေကောက်ခံလျှက်ရှိရာ ယခုအခါ အမေရိကန်ဒေါ်လာ ၃၅၅၀ ခန့် ရရှိထားပြီ ဖြစ်ကြောင်း သိရသည်။

" အသက် ၆၅ နှစ်အထက် တော်လှန်ရေးသမား သက်ကြီးရွယ်အိုက ၂၇-ယောက်၊ ကျန်းမာရေး ချို့တဲ့နေတဲ့ တော်လှန်ရေးသမား ၆ ယောက်၊ တိုက်ပွဲတွေမှာ ထိခိုက် ဒဏ်ရာ ရထားသူ ၂ ယောက် စုစုပေါင်း ၃၅ ယောက်ကို ပူဇော်ကန်တော့သွားမှာ ဖြစ်ပါတယ်။ သူတို့တွေဟာ တိုင်းပြည်နဲ့ လူမျိုး အတွက် လုပ်ဆောင်ရင်း အသက်အရွယ်ကြီးရင့်သွားကြတဲ့ အတွက် ကျွန်တော်တို့က သူတို့ လုပ်ရပ်တွေကို ဂုဏ်ပြုတဲ့ အနေနဲ့ ခုလို ကန်တော့ ကြမှာ ဖြစ်ပါတယ်" ဟု ဦးဆောင် လူပ်ရှားသူ တစ်ဦးက ပြောသည်။

၎င်းအပြင် စစ်တကောင်း တောင်းတန်းနယ်တွင် ဘာသာခြား၊ လူမျိုးခြားတို့၏ မီးရှို့မှုကို ခံလိုက်ရသော ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း လေးကျောင်းနှင့် လူမျိုးခြား ဘာသာခြားများက မိသားစု လိုက်သတ်ဖြတ်၍ ကျန်ရစ်သူ တစ်ဦးကို၎င်း အဆိုပါ အခမ်းအနားတွင် လူမူရေး အကူအညီများ ပေးအပ်သွားမည် ဖြစ်ကြောင်း သူက ဆက်ပြောသည်။

အလှူငွေထည့်ဝင်လိုသူ ရခိုင်မျိုးချစ်များအနေဖြင့် အောက်ပါပုဂ္ဂိုလ်များသို့ ဆက်သွယ်လှူဒါန်းနိုင်သည်ဟု သိရသည်။

၁။ *ကိုလှရွှေ (ဂျပန်) Ph-81(0) 804 091 1110 E-mail- hlashwe21@gmail.com
၂။ ကိုချစ်မောင် (နယ်သာလန်) Ph-31(0) 622 889 980 Email-chit_maungnl@yahoo.com
၃။ ကိုကျော်ကျော်ဝင်း(ဂျပန်) Ph-81(0)906 159 6603 E-mail- tunminaraken@gmail.com
၎။ ကိုအေးသိန်းထွန်း(ဂျပန်) Ph-81(0) 906 343 1985 E-mail linkinparkzero@gmail.com
၅။ကိုဦးထွန်းကျော်(မရမာ)(ဂျပန်) Ph-81 (0) 803 083 6439 E-mail-uthoai2006mjp@gmail.com
၆။ ဦးကျော်မင်း (င်္ဘလားဒေ့ခ်ျ) Ph-88 (0) 181 8864 116
၇။ ကိုကျော်ငြိမ်း (င်္ဘလားဒေ့ခ်ျ) Ph-88 (0) 181 6439 394
၈။ ဦးခိုင်အာဏာနီ (င်္ဘလားဒေ့ခ်ျ) Ph-88 (0) 181 7748 859
၉။ ခိုင်ဓညလင်း (အိန္ဒိယ) Ph-91 (0) 882 6329 943 E-mail danyalurn13@gmail.com
၁၀။ ထိန်အောင်လင်း (အိန္ဒိယ) Ph-91(0) 991 0180 968 E-mail hteinaung.lurn@gmail.com
၁၁။ စောသန္တာအောင် (ထိုင်း) Ph-66 (0) 805 110 607
၁၂။ ခိုင်လင်းအောင် (ထိုင်း) Ph-66(0)869 536 927 E-mail- fighterarakan@gmail.com
အလှူထည့်ဝင်သူများအား ကျေးဇူးတင် ဂုဏ်ပြုလက်မှတ်များ ARG -မှ ချီးမြှင့်သွားမည်ဖြစ်ပါ၍ အလှူရှင်များအနေဖြင့် ကောက်ခံသူထံမှ လက်ခံဖြတ်ပိုင်း (သို့မဟုတ်) အသိအမှတ်ပြုစာကို မပျက်မကွက် ရယူထားကြပါရန်ကိုလည်း ရခိုင်မျိုးစောင့်အုပ်စုမှ တိုက်တွန်းထားကြောင်း သိရသည်။
Copyright 2012 Arakan Today