ဆိုင်ခန်း(၅၄၄)ခန်းပါဝင်သော ဒွါရာဝတီယာယီဈေးသစ်ဆောက်လုပ်ပြီးစီးသွာပါက ဆိုင်ခန်းခပေးစရာမလိုဘဲ အခမဲ့ရောင်းချခွင့်ရရှိမည်

ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ ဆိုင်ခန်း(၅၄၄)ခန်းပါဝင်သော ဒွါရာဝတီယာယီဈေးသစ် ဆောက်လုပ်ပြီးစီးသွားပါက စာရင်းပေးသွင်းထားသော ဆိုင်ခန်းပိုင်ရှင် (၅၄၄)ဦးတို့မှာ ဆိုင်ခန်းခပေးစရာမလိုဘဲ အခမဲ့ ရောင်းချခွင့်ရရှိမည်ဟု သတင်းရရှိသည်။
ဒွါရာဝတီ မြို့မဈေးကြီး မီးလောင်သွားခဲ့ခြင်းကြောင့် ဈေးသူ၊ ဈေးသားများမှာ ရောင်းချရန်ခက်ခဲနေခြင်းကြောင့် ရရှိထားသော အလှူငွေ (၁၅၈) သိန်းဖြင့် ဒွါရာဝတီ ယာယီဈေးသစ်ဆောက်လုပ်နေစဉ် နိုင်ငံတော်အစိုးရမှ အလှူငွေကျပ် သိန်း(၅၀) ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ (၂၅) သိန်း၊ လုပ်ငန်းရှင်များအသင်းမှ (၂၅၅)သိန်း၊ အခြား တသီးပုဂ္ဂလ အလှူရှင်များထံမှ (၁၅၈) သိန်း ကို လာရောက် လှူဒါန်းခဲ့ခြင်းကြောင့် ဈေးဆိုင်ခန်း(၅၄၄)ခန်းသည် ဆိုင်ခန်းခ ပေးစရမလိုဘဲ အခမဲ့ရောင်းချခွင့် ရရှိမည်ဟု သိရသည်။
ဒွါရာဝတီမြို့မဈေးကြီး မီးလောင်ရာတွင် စည်ပင်စာရင်းအရ(၇၄၄) ခန်းရှိသည့်အနက်မှ ဆိုင်ခန်း(၂၀၀)မှ မိမိကိုယ်ပိုင်အိမ်များတွင် ဆိုင်ခန်းဖွင့်၍ ရောင်းချနိုင်သော်လည်း ဆိုင်ခန်း(၅၄၄) ပိုင်ရှင်များမှာ ဈေးရောင်းချရန် ခက်ခဲနေခြင်းကြောင့် ဈေးတာဝန်ခံများထံတွင် လာရောက် စာရင်းပေးသွင်းထားခြင်းဖြစ်သည်။
ဖေဖော်ဝါရီလ ၁၁ရက်နေ့က သံတွဲမြို့ ဒွါရာဝတီဈေးကြီးတစ်ခုလုံ မီးလောင်မှု ဖြစ်ပွါးခဲ့ရာ ဆိုင်ခန်းပေါင်း ၉၀၈ ခန်းရှိသည့်အနက်မှ စည်ပင်စာရင်းအရ (၇၄၄)ခန်းမှ ဆိုင်ဖွင့်ရောင်းချခဲ့ခြင်းဖြစ်သည်။
ဆိုင်ခန်း(၇၄၄)ခန်းအနက်မှ ဆိုင်ခန်းပိုင်ရှင်၂၀၀မှာ မြို့ထဲရှိ မိမိအိမ်များတွင် ရောင်းချရန်နေရာရှိသော်လည်း ဈေးရောင်းရန် အက်အခဲရှိသော (၅၄၄)ဦးမှာ သက်ဆိုင်ရာ ဈေးတာဝန်ခံများသို့ လာရောက်စာရင်ပေးကြရာ ဒေသခံအာဏာပိုင်များနှင့် ညှိနှိုင်း၍ ဒွါရာဝတီယာယီဈေးသစ်ဆောက်လုပ်နေကြခြင်းဖြစ်သည်။
ဒွါရာဝတီမြို့မဈေးကြီး မီးလောင်သွားခြင်းကြောင့် ယခုအချိန်တွင် ဈေးသူ၊ ဈေးသားများမှာ သံတွဲမြို့ ဒွါရာဝတီ တံတား အနီးတွင် ဖွင့်လှစ်ထားသော ဒွါရာဦး ယာယီပျံကျဈေး၊ မီးလောင်သွားခဲ့သော ဈေးကြီးအနီးနှင့် လမ်းဘေးတို့တွင် ရောင်းချနေကြကြောင်း သိရသည်။
Last Updated ( Wednesday, 21 March 2012 03:18 )
  .......................
arakantime
Copyright 2012 Arakan Today