ရခိုင်ပြည်မှာ နှစ်သိန်းတန်ဖုန်း စလို့ ရောင်း ခုနစ်မြို့ နယ်ရာသုံးလို့ ရ



လေးဝတီ။ ။စစ်တွေ(22/03/2012)ဒေလ (၁၄) ရက်နိန့် ကစလို့  ရခိုင်ပြည် (၇)မြို့နယ်မှာ မိုဘိုင်းဖုန်း ရောင်း ချပီးနိန်ကြောင်း နန့် ခုနစ်ရက် တပတ်အတွင်း ဖုန်းအလုံး သုံးထောင်ကျော်လောက် ရာ ရောင်း ရသိမ့် ရေ လို့  လေးဝတီကသတင်းရဟိပါသည်။ အဆိုပါ ရောင်းပီးနိန်ရေ မိုဘိုင်းဖုန်းတိရေ ရခိုင်ပြည်(၇)မြို့ လောက်ရာ သုံးလို့ ရရေလို့ လည်း သိရပါရေ။ ယင်းကိစ္စကို လေးဝတီက တာဝန်ဟိ ဖုန်းအရောင်း တာဝန်ခံကို မိန်းရေခါ “(၁၄။၃။၂၀၁၂)နိန့် ကစလို့ ရောင်းပီးနိန်စော်ဘာ ၊(၇)မြို့ နယ်အတွက်ရောင်းပီးဘာရေ၊ မိုဘိုင်းအလုံး နှစ်သိန်း တိတိ ပါ၊ ပိတ်ရက်မဟိဘဲ ရောင်းပီးနိန်ပါရေ။ (၁၄)ရက်နိန့် ကစလို့  ဂနိန့် ထိ (၇) မြို့နယ်ထဲမှာ မိုဘိုင်း အလုံး (၃၄၇၇) လုံးရောင်းပြီး ဘာဗျာယ်၊ ကျွန်တော်ရို့  စုစုပေါင်း ရောင်းဖို့ လုပ်ထားစော်က(၂၆၁၀၀)လုံးပါ”လို့ ယင်း တာဝန်ခံ အရာဟိတယောက်က ပြောပြသည်။ မြန်မာကျပ်ငွေ (၂၀၀၀၀၀)ကျပ်နန့်  ရောင်းနိန်ရေ မိုဘိုင်းဖုန်းရေ စစ်တွေ၊ မြောက်ဦး၊ အမ်း၊ကျောက်ဖြူ၊ရမ်းဗြဲ၊တောင်ကုတ်၊ သံတွဲ စုစုပေါင်း (၇)မြို့နယ် အတွက် သတ်မှတ် ထားလို့  ဖုန်းအလုံး ရောင်းဖို့ စံချိန်နှုန်းက စစ်တွေမြို့ (၉၉၀၀ ) မြောက်ဦးမြို့  (၂၇၀၀) အမ်းမြို့ (၂၇၀၀) ကျော က်ဖြူမြို့ (၂၇၀၀) ရမ်းဗြဲမြို့ ( ၂၇၀၀) တောင်ကုတ်မြို့ ( ၂၇၀၀) သံတွဲမြို့ (၂၇၀၀)လို ခန်းမှန်းဗျာယ် စုစုပေါင်း (၂၆၁၀၀) အထိ ရောင်းချပီးလားရန် အစီအစိုင်ဟိကြောင်း လည်း သိရပါသည်။ “ရခိုင်တပြည်လုံး မရပါ သိမ့် ၊ဘူးသီးတောင်၊ ဂွ ၊ မင်းပြားရို့ မှာလည်း ဒေဂု ရောင်းပီးနိန်ရေ နှစ်သိန်းကျပ်တန် ဖုန်းသုံး လို့ မရ ဘာသိမ့်  ၊ နောက်ဆိုကေရလားဘာဖို့ ၊ အဂုထုတ်ပီးရေ ဖုန်းက အင်တာနက်ချိတ်လို့  ရဘာရေ၊ ယေဒါလေးသွင့်  အင်တာ နက်သုံးချင်ကေ သီးသန့်  လျှောက်လွှာတင်ရဘာဖို့ ၊ လာဖို့ သင်္ကြန်လ ပထမပတ်ခါ ကျန်ဟိနိန်ရေ မြို့ တိကို ဆက် လို့  ရောင်းပီးလားဘာဖို့ ၊ စစ်တွေမြို့ ကိုလည်း (WCDMA) ချပီးဘာဖို့  ”လို့ ယင်း အရာဟိက ဆက်ပြောပြပါသည်။
ယေကေလည်းသွင့် (၂၀၀၀၀၀)တန်ဖုန်းစလို့ ရောင်းပီးရေနိန့် က (CDMA)လိုင်းတိပြတ်လားရေ လို့ သုံးရေလူ တိဂ ပြော နိန်ဂတ်ပါရေ။ “အသစ်ရောင်းချပီးရေ နိန့်ကဆိုကေ ဇာဖြစ်တေမသိ ကျွန်တော်ရို့ သုံးနိန်ရေ (CDMA)ဖုန်း လိုင်းပြတ်လားဘာရေ ” လို့ စစ်တွေမြို့ မောလိပ်ရပ်ကွက်ဖုန်းဆိုင်ပိုင်ရှင် တစ်ယောက် က ပြော ပါသည်။ နှစ်သိန်းတန်ဖုန်းဝယ်ယူသုံးစွဲနိန်ရေ နောက်တယောက် ကလည်း လိုင်းကရက်ပြတ် ပြတ်လား နိန်ရေ လို့ ဆိုပါရေ။ “ ဝယ်ယူလာရေနိန့် က ကောင်းပါယင့် တရက်လောက်ကြာဂေ ထိုဖက်က ပြောရေလူအသံ မကြား ရဘာ ဟလိုဟလိုနန့် လိုင်းခြောင်းကွဲဖို့ စော်ရာမနား လိုင်ကလည်းရက်ပြတ် ကျလားရေ’’ လို့ ပြော ပါသည်။

ရခိုင်ပြည်အတွင်း နှစ်သိန်းတန် ဖုန်းစလို့ ရောင်းပီးနိန်ဂေလည်း ၀ယ်ယူသုံးစွဲရေ လူတိ နည်းနိန်ရေလို့ လည်း သိဟိရပါသည်။ စလို့ ရောင်းရေ (၁၄)ရက် နိန့် ဂပင်ဂနိန့်ထိတပတ်အတွင်း (၇)မြို့နယ်မှာ စုစုပေါင်းမိုဘိုင်း ဖုန်း (၃၄၇၇) လုံးရာ ရောင်းရသိမ့် ရေ လို့ သိဟိရ ဘာရေ။
ခိုင်ထွန်းကျော်(စစ်တွေ)လေးဝတီဝိုင်းတော်သား
Copyright 2012 Arakan Today