မှန်မှန်ကန်ကန် တိတိကျကျ လုပ်ဆောင်မယ် ဆိုရင်တော့ အထူး ဝမ်းမြောက်စွာ ကြိုဆိုအပ်ပါတယ်

ယနေ့ ပြည်ထောင်စုဝန်ကြီး ၃ ဦး မီဒီယာများနှင့် တွေဆုံစဉ်မှာ

လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ရခိုင်ပြည်နယ်တွင် လူဝင်မှုကြီးကြပ်ရေးဝန်ထမ်း ၂၇၅ ဦးသာရှိခဲ့သည်ကို ယခုအခါ လူအင်အား ၈၀ ထပ်မံအင်အား ဖြည့်တင်းရန် စီစဉ်ထားပြီးဖြစ်ကြောင်း၊ မှတ်ပုံတင်အတု ကိုင်ဆောင်ထားသူများတွေ့ရှိပါက ရာဇသတ်ကြီးပုဒ်မများဖြင့် ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ပြောကြားတယ်လို့ ဆိုပါတယ်...။

(ထို့အတူ မှတ်ပုံတင် စစ်ဆေးသူ လဝကများအားလည်း မှတ်ပုံတင်များ စစ်ဆေးရာမှာ လာဘ်ပေး လာဘ်ယူမှုများ ရှိခဲ့ပါက ထိရောက်စွာ အရေးယူပေးဖို့ လိုအပ်ပါလိမ့်မယ်..) လူဝင်မှု ကြီးကြပ်ရေး ဝန်ထမ်းများမှလည်း ရခိုင်တိုင်းရင်းသားတွေအကျိုးနဲ့ တိုင်းပြည်အကျိုးအတွက် မှန်မှန်ကန်ကန် ဆောင်ရွက်မယ်လို့လည်း ယုံကြည်ပါတယ်..။

ကျွန်တော်တို့ ယခင်ကလို စစ်ဆင်ရေးတွေ လုပ်လိုက် ဘင်္ဂလီတွေ တဖက်နိုင်ငံကို ထွက်ပြေးသွားလိုက်...။ ဒုက္ခသည်ဆိုပြီး အော်လိုက် ပြန်လက်ခံတော့ ၂ဆပြန်လက်ခံရလိုက်နဲ့ မုန့်လုံးစက္ကူကပ် မိအေးနှစ်ခါနာ အဖြစ်မျိုးတော့ အဖြစ်မခံနိုင်ပါ..။ ပြတ်ပြတ်သားသားကို ဥပဒေနဲ့အညီ ဖြေရှင်းရမယ့် အချိန်အခါ ရောက်နေပါပြီ။

ဒီလို တိုင်းရင်းသား ရခိုင်လူမျိုးတွေ အသက်အိုးအိမ် စည်းစိမ်တွေ ပျက်ဆီးဆုံးရှုံးခဲ့ရပြီး အသက်တွေ စတေးခံ ပေးဆပ်ခဲ့ရတဲ့ ယခုလို အချိန်အခါမျိုးမှာ အထက်ပါ မှန်ကန်သည့် လုပ်ရပ်အား ပြည်ပနိုင်ငံများမှ ဖိအားပေးခဲ့လာသည် ရှိသော်မှ ပြတ်ပြတ်သားသား ဆုံးဖြတ်မယ့် အာဏာပိုင်တွေ ဘက်က ကျွန်တော်တို့ ပြည်သူတွေ ညီညီညွတ်ညွတ်နဲ့ ရပ်တည် ကြမှာမလွှဲမသေပါ...။

ထို့အတွက်ကြောင့် ယခုလို ပြည်သူတွေ အမျိုးသားရေးအတွက် နိုးကြား ညီညွတ်နေကြတဲ့ အချိန်အခါမှာ အာဏာပိုင်များ အနေနဲ့ ပြတ်ပြတ်သားသား ဆုံးဖြတ်ဖို့ လိုအပ်ကြောင်း တိုက်တွန်းနှိုးဆော်အပ်ပါတယ်..။

ဒီမိုဝေယံ

သတင်းအပြည့်အစုံ အောက်မှာ ဖတ်ရှုပါရန်..

ပြည်ထောင်စုဝန်ကြီး ၃ ဦး မီဒီယာများနှင့်တွေဆုံ
သတင်း၊ ဓာတ်ပုံ(Popular Myanmar News Journal)

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီလူမျိုး ၁၀ သိန်းခန့် ရှိသည်ဟု လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားခဲ့ပါသည်။

ယခုလက်ရှိတွင် နှောင့်နှေးကြန့် ကြာမှုများရှိနေသော နိုင်ငံကူးလက်မှတ် မူဝါဒအားပြောင်းလဲ မရှိသေးသော်လည်း အကောင်းဆုံး ဖြစ်အောင် ပြုလုပ်ပေးသွားမည်ဟု ပြောကြားခဲ့သည်။

လက်ရှိဖြစ်ပေါ်နေသော မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေး နှင့် နိုင်ငံရေးဆိုင်ရာ တို့နှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ၃ ဦးက မီဒီယာများနှင့် ယနေ့နံနက်ပိုင်းက တွေ့ဆုံပြောကြားခဲ့သည်။

ထိုသို့တွေ့ဆုံပြောကြားရာတွင် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ရခိုင်ပြည်နယ်တွင် လူဝင်မှုကြီးကြပ်ရေးဝန်ထမ်း ၂၇၅ ဦးသာရှိခဲ့သည်ကို ယခုအခါ လူအင်အား ၈၀ ထပ်မံအင်အား ဖြည့်တင်းရန်စီစဉ်ထားပြီးဖြစ်ကြောင်း၊ မှတ်ပုံတင်အတုကိုင်ဆောင်ထားသူများတွေ့ရှိပါက ရာဇသတ်ကြီးပုဒ်မများဖြင့် ထိရောက်စွာ အရေးယူ သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးစိုးသိန်း၊ ဦးအောင်မင်းနှင့် ဦးခင်ရီတို့သည် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနခန်းမတွင် ဇူလိုင်(၁)ရက်နေ့ နံနက်ပိုင်းက တွေ့ဆုံကြခြင်းဖြစ်သည်။
(နေပြည်တော်မှ တိုက်ရိုက်ပေးပို့ပါသည်)
Copyright 2012 Arakan Today