ဘင်္ဂါလီများကို ပြောင်းရွေ့မည်ဟု ရခိုင်ဝန်ကြီးချုပ် ကတိပေး

ရခိုင် ကလေးငယ်တစ်ယောက်ကို အင်ဘာလာ ရပ်ကွက်မှ ဘင်္ဂါလီများ သတ်ဖြတ်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲသဖြင့် စစ်တွေမြို့တွင် အခြေအနေများတင်းမှာခဲ့ရာ ယင်းသို့ ထပ်မံ တင်းမာမှုများ ထပ်မံ မဖြစ်ပွါးစေရန် အင်ပါလာ ရပ်ကွက်မှ ဘင်္ဂါလီများကို အခြားတစ်နေရာသို့ ပြောင်းရွေ့ပေးမည်ဟု ရခိုင်ပြည်နယ် ၀န်ကြီးချုပ်က သံဃာတော်များကို ကတိပြုပြောကြားခဲ့ကြောင်း Eleven Media Group တွင် ဖော်ပြသည်။

ဝန်ကြီးချုပ်က သံဃာတော်များကို ယခုအခင်းဖြစ်ပွားသည့် ကျေးရွာနှင့် ရခိုင်တိုင်း ရင်းသားတို့အကြား နောက်ထပ် ပြဿနာများ မပေါ်ပေါ်က်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းကျေးရွာအား ပြောင်းရွှေ့နိုင်ရေး သမ္မတကြီးထံ တင်ပြထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်က ယင်းသို့ ကတိပြုပြောကြားလိုက်ပြီးနောက်
သံဃာတော်များက ဒေသခံ ရခိုင်တိုင်းရင်းသားများကို လူစုခွဲရန်နှင့် မေတ္တာရပ်ခံခဲ့သဖြင့် မနေ့က ည ၇နာရီခန့်တွင် လူစုခွဲခဲ့ကြောင်း ယင်းတွင်ဖော်ပြထားသည်။

ဓါတ်ပုံ - Eleven Media Group

စစ်တွေတွင် အခြေအနေတင်းမာမှု မြင်ကွင်း

Copyright 2012 Arakan Today