ပြည်သူများ၏ဖိအားကြောင့် လာဖို့ ၂၀၁၄ ခုနှစ်မှာ ရခိုင်တပြည်နယ်လုံး ၂၄နာရီ လျှပ်စစ်မီးရရှိဖို့ဟု ပြည်ထောင်စုဝန်ကြီးကပြော

ရန်ကုန်(ရခိုင်ရိုးမ) ။ ။ ပြည်ထောင်စုအစိုးရအနီနန့် တိုင်းရင်းသားဒေသတိမှာ လျှပ်စစ်မီးကို အဓိကထားလုပ်ဆောင်မှု ကဏ္ဍတခုဖြစ်တေ တိုင်းရင်းသားဒေသအတွင်း၂၄နာရီ လျှပ်စစ်မီးရဟိရေးကို မဖြစ်မနီ လုပ်ဆောင်လားဖို့ဟိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ဒေ လ ၉ ရက်နိ့ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပီးအဖွဲ့၏ အစည်းဝေးခန်းမမှာ ပြောဆိုလားကြောင်း သိရပါသည်။
ရခိုင်ပြည်နယ်အတွင်း ၂၄ နာရီလျှပ်စစ်မီးရရှိရေးအတွက် လှုပ်ရှားမှုတိ ပေါ်ပေါက်လာရေ နောက်ပိုင်းကာလတိမှာ  ယင်းလျှပ်စစ်မီးကိစ္စကို ဒေလ ၉ ရက်နိမှာ ပြုလုပ်ခရေ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပီးအဖွဲ့၏ အစည်းဝေးခန်းမ မီဒီယာတွိဆုံပွဲမှာ ရခိုင်ပြည်နယ်လျှပ်စစ်မီးကိစ္စကို ထည့်သွင်းပြောကြားခကြောင်း တွိဆုံပွဲသို့ တက်ရောက်သတင်းယူခရေ သတင်းထောက်တစ်ယောက်က ရခိုင်ရိုးမကို ပြောပါသည်။
“၀န်ကြီး အဓိကပြောလားရေ အချက်တိက တိုင်းရင်းသားဒေသတိမှာ လျှပ်စစ်မီး လုံလုံလောက်သုံးနိုင်ဖို့ကိစ္စကို ပြောရေ၊ နောက်တစ်ခါ  ၂၀၁၂ -၂၀၁၃ ခုမှာ ရွှေတောင်ကနိန် တောင်ကုတ်သို့ ဓာတ်အားလိုင်းဆွဲဖို့၊ ယင်းကတစ်ဆင့် တခြားနီးစပ်တေ မြို့တိသို့ ဓာတ် အားပီးဖို့၊ ပြီးကေ ၂၀၁၄ ခုနှစ်မှာ အမ်းမြိ့နယ်ကနိန် တောင်ဘက်ခြမ်းအားလုံး ၂၄ နာရီ လျှပ်စစ်မီးရရှိဖို့  ဆိုပနာ ၀န်ကြီးကတော့ ပြောလားပါရေ” လို့ သူကပြောပါသည်။
ယင်းအခမ်းအနားမှာ ၀န်ကြီးက  ၂၀၁၄ -၂၀၁၅ ခုနှစ်မှာ ရခိုင်ပြည်နယ်ရေ National Grip ကနိန်   လျှပ်စစ်မီး ၂၄ နာရီရရှိဖို့အတွက် အာမခံလားကြောင်းလည်း သိရပါသည်။
လက်ရှိ ပြည်ထောင်စုအစိုးရက ရခိုင်ပြည်နယ်အတွက် သတ်မှတ်ထားရေ လျှပ်စစ်မီးလမ်းကြောင်းတိရေ  ၂၀၁၂-၂၀၁၃ မှာ ရွှေတောင် ကေဗွီ၂၃၀ ဓာတ်အားလိုင်းကတဆင့် တောင်ကုတ်၊ မအီ၊ အမ်း၊ ကျောက်ဖြူသို့ လိုင်းဆွဲဖို့ဖြစ်ပြီးကေ  ၂၀၁၄ ခုနှစ်မှာ အမ်းကတဆင့်  ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ စစ်တွေ စရေမြို့နယ်တိသို့ ဓာတ်အားလိုင်းသွယ်တန်းဖို့ဖြစ်ပြီး ဓာတ်အားလိုင်းရေ ၂၀၁၄ ခုနှစ်မှာ ပြီးနိုင်ဖွယ်ရှိရေလို့လည်း သိရပါရေ။
ဒေလနှစ်ဆန်းပိုင်းက ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီဥက္ကဌ ဒေါက်တာအေးမောင်က ရခိုင်ပြည် လျှပ်စစ်မီးကိစ္စကို ပြည်ထောင်စု အစိုးရသို့ တင်ပြလားဖို့လို့ ကျောက်ဖြူမြို့လူထုတွိဆုံပွဲမှာ ပြောခရေနောက်ပိုင်း   ရခိုင်ပြည်နယ်ကို ၂၄နာရီ လျှပ်စစ်မီးပီးဖို့ ပေါ်ထွက် လာခြင်းဖြစ်တေလို့ လေ့လာသူတစ်ချို့ကဆိုပါရေ။
“ကျွန်တော့် အမြင်ပြောရကေ အဂုရခိုင်ပြည်မှာ လျှပ်စစ်မီး ၂၄-နာင်္ရီရရှိရေးအတွက် လှုပ်ရှားမှုတိရှိလာရေအတွက် ပြည်ထောင်စု အစိုးရက အာရုံစိုက်လာစွာဖြစ်တေ၊ ကျောက်ဖြူကထွက်တေ ဂက်စ်ကိုလည်း ရခိုင်ပြည်နယ်အတွက် ခွဲဝေသုံးစွဲဖို့၊ ဒေဂုရခိုင်ပြည်နယ် အတွက် ၂၄ နာရီ လျှပ်စစ်မီး ဖြစ်အောင်ပီးလားဖို့ဆိုရေ သတင်းတိထွက်လာရေ၊ လုပ်မလုပ်တော့မပြောတတ်ဗျာယ်၊ စောင့်ကြည့်ရဖို့ သိမ့်” လို့ ရန်ကုန်ရောက် ရခိုင်အမျိုးသားတစ်ဦးကပြောသည်။
မြန်မာနိုင်ငံအတွင်း  လျှပ်စစ်ဓာတ်အားသုံးစွဲမှုရေ  ၂၂-ရာခိုင်နှုန်းရာ ရှိပြီးကေ ရခိုင်ပြည်နယ်၏ မြို့တော်စစ်တွေမှာ မီတာအလုံး(၈၀၀၀) ကျော်ရာ သုံးစွဲသူရှိကြောင်း သိရပါသည်။
လက်ရှိရခိုင်ပြည်နယ်အတွင်း မီတာခနှုန်းထားတိမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

စဉ်။ မြို့နယ် အသုံးပြုထားရေစက် အမျိုးအစား (KVA) မီတာသုံးသူဦးရေ ဓာတ်အားခ မီးပီးချိန်
၁။ စစ်တွေမြို့ ကမ်းမင်း ၁၀၀၀ ၈၃၈၆ တစ်ယူနစ် ၂၅  /၄၄၀ ၂၄ နာရီ
၂။ မြောက်ဦး စကိုဒါ ၆၀၈ ၁၇၆၄ တစ်ယူနစ် ၄၅၀ ၁၃း၃၀
၃။ ကျောက်တော် ဒွိုက် ၁၆၀ ၁၂၄၆ ၅၀၀ ၅း၃၀
၎။ မင်းပြား Gasifire RH25 ၁၂၂၉ ၅၀၀ ၃း၃၀
၅။ ကျောက်ဖြူ စကိုဒါ ၈၆၀ ၂၃၇၉ ၅၀၀ ၀၄း၀၀
၆။ ရမ်းဗြဲ ဗော်လဗို ၅၀၀ ၆၉၀ ၆၀၀ ၁၂း၀၀
၇။ မာန်အောင် ဒေ၀ူး ၂၅၀ ၆၁၇ ၅၀၀ ၀၄း၀၀
၈။ သဲတွဲ စကိုဒါ ၈၆၀ ၄၃၅၉ ၄၀၀/၅၀၀ ၂၄း၀၀
၉။ တောင်ကုတ် ယာဓာ ၅၀၀ ၂၁၂၉ ၄၀၀ ၁၃း၀၀
၁၀။ ဂွ စကိုဒါ ၂၀၀ ၉၃၂ ၆၀၀ ၀၄း၃၀
၁၁။ ပုဏ္ဏားကျွန်း စကိုဒါ ၁၅၀ ၆၈၅ ၃၀၀ ၀၂း၁၅
၁၂။ မြေပုံ ဒွိုက် ၁၆၀ ၈၄၂ ၅၅၀ ၀၂း၃၀
၁၃။ ပေါက်တော စကိုဒါ ၇၃ ၅၃၈ ၃၀၀ ၁း၃၀/၂း၄၅
၁၄။ ပလက်ဝ စကိုဒါ ၁၅၀ ၅၇၀ ၅၀ ၁း၃၀
၁၅။ အမ်း စကိုဒါ ၁၅၀ ၆၈၃ ၃၀၀ ၃း၀၀
၁၆။ ကျိန္တလီ ဒွိုက် ၁၀၀ ၃၈၁ ၄၀၀ ၃း၃၀
၁၇။ မအီ တိုယိုတာ ၃၆ ၃၁၈ ၅၀ ၁း၃၀
၁၈။ မောင်တော ယာမာ ၅၀၀ ၁၆၂၉ ၄၀၀ ၄း၀၀
၁၉။ ဘူးသီးတောင် စကိုဒါ ၁၅၀ ၈၃၆ ၄၀၀ ၃း၀၀
၂၀။ ကျီးကန်းပြင် ယာမာ ၁၂၅ ၅၀ ၂း၀၀
၂၁။ တောင်ပြိုဝဲ တိုယိုတာ ၈၀ ၉၀ ၅၀ ၂း၀၀
၂၂။ ကြိမ်ချောင်း စကိုဒါ ၇၃     ၂း၀၀

........................... ရခိုင်ရိုးမ
Copyright 2012 Arakan Today