ကုန်းတွင်းပိုက်လိုင်းနန့် ကမ်းလွန်ပိုက်လိုင်း ချိတ်ဆက်

ကျောက်ဖြူ။      ။ရခိုင်ကမ်းလွန်သဘာဝဓာတ်ငွေ့ လုပ်ကွက် (A-1) (A-3) က သွယ်ထားရေ ဓာတ်ငွေ့ပိုက်လိုင်းနန့် ကုန်းတွင်းပိုင်းမာ သွယ်ထားရေပိုက်လိုင်း တပ်ဆင်နီရေလုပ်ငန်းတိရေ ၇၅ ရာခိုင်နှုန်း ပြီးစီးလားဗျာလ်ဖြစ်ကြောင်း သိရပါသည်။


ဓာတ်ပုံ -- ကျောက်ဖြူ မလကျွန်း(OGT) ဓာတ်ငွေ့သန့်စင်စက်ရုံက အမ်းဘက်သို့ သွယ်ထားရေပိုက်လိုင်းကို မြင်တွိရစိုင်

ယင်းပိုက်လိုင်းရေ ကျောက်ဖြူမြို့နယ် မလကျွန်း အနားမာဟိရေ (OGT) ဓာတ်ငွေ့သန့်စင်စက်ရုံက သွယ်လာရေ ပိုက်လိုင်းနန့် ကမ်းလွန်က သွယ်လာရေ ပိုက်လိုင်းတိကို တပ်ဆင်နီခြင်းဖြစ်ပါသည်။

“ ပင်လယ်ပြင်ကပင် သွယ်လာရေပိုက်လိုင်းနန့် မလကျွန်း (OGT) က သွယ်လာရေ ပိုက်လိုင်းတိကို နတ်ကျောက်အပါးက ကျောက်တလုံးဘုရားအောက်ဖက်မှာ အဂုပိုက်လိုင်းဆက်နီပါဗျာ။ ပိုက်လိုင်းက နှစ်ပိုင်းပါ၊ ကုန်းတွင်းပိုက်လိုင်းတိမှာ လမ်းကြောင်းတစ်လျှောက် ဓာတ်ငွေ့ပိုက်လုံးတိ ချထားပါသိ့ရေ ” လို့ ယင်း စီမံကိန်းလုပ်ငန်းခွင်က မြန်မာအင်ဂျင်နီယာတစ်ယောက်က ရခိုင်ရိုးမကိုပြောပါသည်။

ကမ်းလွန်ပင်လယ်ပြင်ကပင် သွယ်ထားရေပိုက်လိုင်းရေ ဓာတ်ငွေ့သန့်စင်စက်ရုံ (OGT) သို့ သွယ်နီစော်ဖြစ်ပြီးကေ ယင်း (OGT) က တဆင့် ကလာဘာတောင်သို့ တပ်ဆင်သွယ်နီကြောင်း သိရပါသည်။

“ ယင်းပိုက်လိုင်းကို Landfall Area ကပင် အမ်းဘက်သို့လည်း သွယ်နီပါဗျာ။ ကျောက်ဖြူဘက်ကလည်း ပိုက်ဆက်နီစော်တိတော့ခါ ဒေဂုနှစ် ၅ လပိုင်းလောက်မှာ ပြီးစီးပါဖို့ ” လို့ ယင်း အင်ဂျင်နီယာက ဆက်ပြောပါသည်။

ပိုက်လုံးတိကို ပိုင်းလိုင်းသွယ်ဖို့ လမ်းကြောင်းတစ်လျှောက်ချထားပြီးကေ အဂုနှစ်ဆန်းပိုင်းမာ အပြီးသတ်လုပ်ဖို့ ဖြစ်ကြောင်းလည်း သိရပါသည်။

ကုန်းတွင်းပိုင်း ပိုက်တပ်ဆင်ခြင်းလုပ်ငန်းတိကို အိန္ဒိယ ကုမ္ပဏီ (DDIL Co.,ltd) ၊ ကိုရီးယား အခြီစိုက် Kunchong E & C Co.,Ltd ၊ Soo-Pin Carane Service Co.,Ltd နန့် Punj Lloyd PTE Co.,Ltd V Pile Co.,Ltd  စရေ ကုမ္ပဏီတိကလည်း ကမ်းလွန်ရီနက်ပိုင်းနန့် ကုန်းတွင်းပိုင်း ပိုက်လိုင်းတပ်ဆင်မှုလုပ်ငန်းတိကို လုပ်ကိုင်နီကတ်ကြောင်း သိရပါသည်။

ယင်းဓာတ်ငွေ့ပိုက်လိုင်းရေ စုစုပေါင်း အရှည် (၇၉၂.၅) ကီလိုမီတာ ရှည်ဖို့ဖြစ်ပြီးကေ ကျောက်ဖြူ၊ အမ်း၊ ပဒါန်း၊ စကု၊ ရေနံချောင်း (မကွေး)၊ ကျောက်ပန်းတောင်း၊ တောင်သာ၊ နွားထိုးကြီး ၊ ဘီလင်း၊ ပြင်စာ၊ ပြင်ဦးလွင် (မန္တလေး)၊ နောင်ချို၊ ဂုတ်ထိပ်၊ ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ နမ့်ဟိုင်း၊ ပင်းပက်၊ မုံးဂှီး၊ နမ့်ခမ်း(ရှမ်းပြည်နယ်)  စရေ မြို့တိကို ဖြတ်လို့ ပိုက်လိုင်းသွယ်လားဖို့ဖြစ်တေလို့ သိရပါသည်။
..................................
ရခိုင်ရိုးမ
Copyright 2012 Arakan Today