“လူဖတ်များရေဆိုစွာထက် သတင်းတိကို အချက်လက် မှန်မှန်ကန်ကန်နန့် ဖော်ပြနိုင်ရေအတွက် အားပီးမှုတိ များလာစွာလို့ဆိုရဖို့၊ ပြည်နယ်အစိုးရကထုတ်တေ ရခိုင်ပြည်နယ် သတင်းဂျာနယ်ထက်အများကြီး ကွာပါရေ၊ ပြီးကေ ပါတီ အရှိန်အ၀ါရှိရေခါ လုပ်နိုင်စွာ ပိုကောင်းရေလို့ဆိုရဖို့”လို့ သူ့အမြင်ကိုပြောပြသည်။ယင်းတိုးတက်ရေး သတင်းလွှာကို စစ်တွေ အခြေစိုက် ရတပ ဗဟိုက ထုတ်ဝီစွာဖြစ်ပြီးကေ တစ်လကို (၃) ကြိမ် ထုတ်ဝီစွာဖြစ်ကြောင်း သိရပါရေ။
၂၀၁၁-နှစ် မကုန်ခင်က စတင်ထုတ်ဝီခရေ အဆိုပါဂျာနယ်ရေ အဂုအခါ ရခိုင်ပြည်နယ် မြို့နယ်အနှံ့အပြားသို့ ဖြန့်ချီလျှက်ရှိကြောင်း သိရသည်။
“ဇာပင်ဆိုဆို သတင်းတိပါလာစွာတော့ခါ ထိရောက်တေ၊ ဒေအပတ်မှာဆိုကေ မြောက်ဦးစစ်တပ် လယ်ယာမြီသိမ်းရေ သတင်းတိပါလာရေခါ ဖတ်တေလူက ပိုများရေ”လို့ စာဖတ်ပရိတ်သတ်တစ်ယောက်က ပြောသည်။
ယင်းအပြင် ဒေအပတ်ထုတ် တိုးတက်ရေးဂျာနယ်မှာ ၂၂၇ ခုနှစ်မြောက် ရခိုင်အချုပ်အာဏာ ကျဆုံးရေနိအကြောင်းကို အကျယ်တ၀င့် ဖော်ပြထားစွာလည်း တွိရပါရေ။
အလားတူ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ထုတ်ဝီရေဂျာနယ်ကို တလတစ်ကြိမ်ထုတ်ဝီပြီးကေ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ လှုပ်ရှားမှုတိကို ဇောင်းပီးထုတ်ဝီရေ သတင်းဂျာနယ်ဖြစ်တေလို့သိရပါရေ။
ရခိုင်ပြည်နယ်မှာ ၂၀၁၀နောက်ပိုင်း စတင်ထုတ်ဝီလာရေဂျာနယ်တိမှာ သိရိဝိစ္ဆစာစောင်၊ တိုးတက်ရေး သတင်းလွှာနန့် ရခိုင်ပြည်နယ် သတင်းဂျာနယ်ရို့ဖြစ်ကြောင်း သတင်းရရှိပါရေ။
