တောင်ကုတ်မြို့မှာ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီရုံး ဖွင့်လှစ်


မာန်အောင်မြို့နယ် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီရုံးခွဲ
တောင်ကုတ်။ ။ ရခိုင်မိခင်ပါတီတိနန့် အလှမ်းဝီးရေ တောင်ကုတ်မြို့မှာ ရခိုင်အမျိုးသားပါတီဖြစ်တေ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၏ တောင်ကုတ်မြို့နယ် ပါတီရုံးခွဲကို ဒေနိမှာ စတင်ဖွင့်လှစ်ထားဗျာယ်ဖြစ်တေလို့ သတင်းရရှိပါရေ။

ဒေလ ၁၀-ရက်နိက တောင်ကုတ်မြို့မှာ ရခိုင်တိုင်းရင်းသားများတိုးတက်ရေပါးတီ၏ မြို့နယ်စည်းရုံးရေးကော်မတီ  ဖွဲ့စည်းပြီးခရေနောက်ပိုင်း ဒေနိမှာ ရုံးဖွင့်လှစ်စွာဖြစ်တေလို့ သိရပါရေ။

ပါတီရုံးကို တောင်ကုတ်မြို့ အဓိပတိလမ်း(ညောင်တန်းလမ်းနန့် လျှပ်စစ်လမ်းကြား) ဂူတာရပ်ကွက်မှာ ဖွင့်လှစ်ထားစွာဖြစ်ပြီးကေ  ပါတီစည်းရုံးရေးကော်မတီ  ဦးမြင့်ဆွေမောင် ဦးစီးဗျာယ် ကော်မတီ(၁၈)ယောက်နန့် ပါဝင်ဖွဲ့စည်းထားရေလို့လည်း သိရပါရေ။

၂၀၁၀ ရွီးကောက်ပွဲကာလက  စတင်မွီးဖွားလာရေ ရခိုင်းတိုင်းရင်းသားများတိုးတက်ရေးပါတီရေ  ကနဦးက တောင်ကုတ်၊ အမ်းမြို့ရို့မှာ မြို့နယ်ခွဲရုံးထားဖို့အတွက် အခက်အခဲရှိခပြီးကေ ယင်းနောက်ပိုင်း တောင်ကုတ်မှာ ရတပရုံး ထားလာနိုင်ခြင်း ဖြစ်ပါရေ။

ထို့အပြင်  အမ်းမြို့နယ်မှာလည်း မြို့နယ်ကော်မတီ (၁၅)ယောက်နန့် ရတပပါတီ မြို့နယ်ခွဲ ဖွဲ့စည်းထားကြောင်း သိရပါရေ။

တောင်ကုတ်၊ သံတွဲ၊ အမ်းစရေမြို့နယ်တိမှာ ပြည်မဘက်ကပါတီဝင်တိများပြီးကေ ဒေဂုအခါ မိခင်ရခိုင်ပါတီကို အားပီးမှုတိများလာကြောင်းလည်း သိရပါရေ။
..........................
ရခိုင်ရိုးမ
Copyright 2012 Arakan Today