
ကျောက်တလုံးဘုရား အောက်ဘက်ကနိန် (OGT) ဓာတ်ငွေ့သန့်စင်စက်ရုံသို့ သွယ်တန်းထားရေ ဓာတ်ငွေ့ပိုက်လိုင်း
အဆိုပါ ဂျာနယ်၏ ဖော်ပြချက်အရ အရင်စာချုပ်ချုပ်ဆိုထားရေ နိုင်ငံတိကလွဲလို့ ထပ်ပြီးနိုင်ငံခြားသို့ ရောင်းချ ခွင့်မပြုဗျာယ်လို့ ဖော်ပြထားသည်။
“ဒေကိစ္စက ပြည်သူတိကိုလှည့်စားစွာလို့ရာ ယူဆရေ တွက်ကြည့်လေ၊ အသစ်ထပ်မံထွက်ရှိလာဖို့ ဓာတ်ငွေ့တိကို ပြည်ပသို့မရောင်းဗျာယ်၊ ပြည်တွင်းမှာဘဲ သုံးဖို့နောက်တစ်ခါ အရင်စာချုပ်ချုပ်ထားရေ နိုင်ငံကလွဲလို့ တခြားနိုင်ငံသို့ မရောင်းချဗျာယ်လို့ဆိုခါ ကျနော်ရို့ အများကြီးစိုင်းစားစရာ အချက်ပါ၊ အဂုစာချုပ်ချုပ်ထားရေ သက်တမ်းက တရုတ်ကို နှစ်သုံးဆယ်ဆိုခါ၊ ဇာကျန်ဖို့သိမ့်လည်း ပြီးကေ ထပ်မံ လုပ်ကွက် အသစ်တွိကေလည်း ယင်းတရုတ်တိဗျာယ် လက်ဝါးကြီး အုပ်လီဖို့စာ”လို့ စစ်တွေက ၀ါရင့် နိုင်ငံရေး သမားတစ်ဦးက ပြောသည်။
ကမ်းလွန်ပင်လယ်ပြင်လုပ်ကွက်ကနိန် ကုန်းတွင်းဘက်သို့ သွယ်တန်းထားရေ ပိုက်လိုင်းတိ မြင်ကွင်း
ထို့အပြင် ရခိုင်ကမ်းလွန်ကထွက်ရှိရေ ဓာတ်ငွေ့ကို ရခိုင်ပြည်နယ်အတွက် ခွဲဝေသုံးစွဲခွင့်ရရှိရေးလို့ဆိုထားကေလည်း ရခိုင်ပြည်နယ်အတွင်း ဓာတ်ငွေ့နန့် အသုံးပြုနိုင်ရေ စက်ရုံ အလုပ်ရုံ မရှိသိမ့်ရေအတွက် ပြည်မဘက်မှာရာ သုံးစွဲလားဖို့ အနိန်အထားရှိကြောင်းလည်း လေ့လာသူတစ်ချို့က ပြောသည်။
“မှန်ရေ ဒေချင့်က ယင်းသူရို့ ရခိုင်ကိုဓာတ်ငွေ့ပီးချင်မှပီးဖို့၊ ဇာတွက်ဆိုကေ ကနိထိ ရခိုင်ပြည်မှာ စက်ရုံ အလုပ်ရုံမရှိသိမ့်၊ လုပ်ပီးစွာလဲ မရှိသိမ့်၊ ယင်းကြောင်း ရခိုင်ဓာတ်ငွေ့ပြဿနာက အလွဲအပြောင်းတစ်ခု ဖြစ်လာနိုင်ရေ”လို့ လေ့လာသူတစ်ဦးက သုံးသပ်သည်။
လာဖို့နှစ်မှာ တရုတ်ပြည်သို့ ရခိုင်ကမ်းလွန်က တစ်ရက်ကို သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၄၀၀ တရုတ်ပြည်သို့ တင်ပို့ဖို့ရှိကြောင်းသိရသည်။
....................
ရခိုင်ရိုးမ
