ပြည်ထောင်စုလွှတ်တော်မှာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ ဘက်ဂျက်ခွဲဝေရာမှာ တန်းတူညီမှု မရှိကြောင်း သိရသည်။
“ရခိုင်ပြည်နယ်အတွက် ပညားရေးကျန်းမာရေးကို ဗဟိုက ကိုင်ထားပါရေ၊ ဒေရခိုင်ပြည်နယ် ဘက်ဂျက်ကိစ္စကို အခုပြည်သူ့လွှတ်တော်မှာ ဆွေးနွေးနိန်ကတ်ပါရေ၊ ဇာပိုင်လာမယ်တော့ မသိပါဒေ။ ရခိုင်ပြည်နယ် အစိုးရ၏ တင်ပြချက်တိကို စိစစ်ပနာ ခွဲဝေလားဖို့ ထင်ပါရေ၊ နောက်တခါ ယင်းဘက်ဂျက်နန့် ရခိုင်ပြည်နယ်အတွင်း ဇာဇာ လုပ်ပီးနိုင်ဖို့လဲ ဆိုစာတိကို ဆွေးနွေးလာပါဖို့” လို့ ပြည်နယ်လွှတ်တော်အမတ် ဦးအောင်မြကျော် က ရခိုင်ရိုးမသို့ ပြောသည်။
စစ်အစိုးရ လက်ထက် ရခိုင်ပြည်နယ် အစိုးရဘက်ဂျက်ခွဲဝေမှုမှာ တန်းတူညီမျှမှု မရှိခရေပိုင် ရခိုင်ပြည်နယ်က ရရှိလာရေ အကောက်ခွန်နန့်ရာ ပြန်လည်အသုံးချရကြောင်း အငြိမ်းစား ၀န်ထမ်းတစ်ယောက်က ပြောသည်။
“ ရခိုင်ပြည်နယ် ဘက်ဂျက်က ညီမျှမှု မရှိဆိုစာ အမှန်၊ အစိုးရ အသုံးစရိတ် တစ်ခုလုံးကို ရခိုင်ပြည်နယ်က ရရေ အကောက်ခွန်နန့် လည်ပတ်ခရစွာဗျာယ်၊ ဗဟိုက လုံလောက်စွာ ချမပီးလေ’’ လို့ ရှင်းပြသည်။
ထို့အပြင် ရခိုင်ပြည်နယ်ရေ တခြားပြည်နယ်တိထက် ဖွံဖြိုးတိုးတက်ရေးနောက်ကျနိန်ရေအတွက် ရခိုင်ပြည်ဖွံ့ဖြိုးရေးမှာ လုံလောက်တေ ဘက်ဂျက်ငွေ လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် အမတ်တစ်ယောက်ကလည်း ပြောပြပါရေ။
ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှု ဆိုစာမှာ အစိုးရ ဘက်ဂျက် အဓိက အရေးပါနိန်ပြီး လက်ရှိ ရန်ကုန်-စစ်တွေ အဝေးပြေးကားလမ်းမှာလည်း အရင်ထက်ဆိုးဝါးလာပြီးကေ လားလာရခက်ခဲလာကြောင်း သိရသည်။
ယင်းသို့ ရခိုင်ပြည်နယ် အတွက် ဘက်ဂျက်လိုအပ်ချက်ကို ရတပါ တီဥက္ကဌ ဒေါက်တာအေးမောင်ကလည်း
“ပြီးခရေ ၂၀၁၁-၁၂ ဘက်ဂျက်ကိုပြန်ကြည့်ခါ ၂၂၀၁ ဘီလီယံဘက်ဂျက်တိလိုငွေပြနိန်ပါရေ၊ ယင်းအထဲမှာ ရခိုင်ပြည်အစိုးရအတွက်ရေ ၂၀-ဘီလီယံ လိုငွေပြနိန်ပါရေ၊ အဆက်ဆက်လိုငွေပြရေ အစိုးရပါ” လို့ ကျောက်ဖြူမြို့လူထုနန့် တွိဆုံဟောပြောပွဲမှာ ထည့်သွင်းပြောဆိုခသည်။
ရခိုင်ပြည်နယ်အတွင်း လမ်းတိ အဆင့်တိုးမြှင့် လုပ်ဆောင်ဖို့အတွက် ရခိုင်ပြည်အစိုးရ၏ လိုအပ်တေ ဖေသာပမာလိုအပ်ချက် အခြီအနိန်ကို အောက်မှာဖော်ပြထားပါသည်။ အသေးစိတ်ကြည့်ရှုလိုလျှင် ဇယားကို ကလစ်လုပ်၍ ကြည့်ရှုပါ။

