၂၀၀၇-ကပင် စတင်ကာလာရေ ရခိုင်-ဘင်္ဂလား ခြံစီးရိုးရေ ကုလားသခိုးတိဘားမှာ အခိုးခံရပြီးကေ ဘင်္ဂလာ က မှောင်ခိုဈီးကွက်မှာ ရောင်းစား ခံနိန်ရရေလို့ သတင်းရပါရေ။ ကော့စ်ဘဇားမြို့မှောင်ခိုဈီးကွက်မှာ မျက်ဝါး ထင်ထင် ရောင်းချနိန်ကတ်စော်တိဟိရေလို့ ဘင်္ဂလာက ရခိုင်သားတယောက်က လေးဝတီကို သတင်းပို့ပါရေ။ “တစ်ကီလိုကို ၆၀ ကျော်နန့်ရောင်းပါရေ။ ဈီးကတော့ အတည်မဟိပါ။ လူမျက်နှာကိုကြည့်လို့ရောင်း ပါရေ။ နောက် တစ်ခုက ဗမာဖက်က ကာရေခြံစီးရိုးရေ ခံခန့်မှု မဟိဘဲ ကုလားတိ အလွယ်တကူ ပလယာ တိ နန့် ဖြတ်ပြီးကေ ကောစ်ဘစားမြို့က အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်တိမှာ ရောင်းနိန်ကတ်ပါရေ။” လို့ ကောစ်ဘဇားဈီးမှာဝယ်နိန်ရေ ဖောက်သည်တယောက်ကပြောပါရေ။

ဒေကုလားသူခိုးတိကလည်းခိုး ယူပြီးကေ၊ မောင်တော နစကနန့် အင်ဂျင်နီယာတိကလည်း ခြံစီးရိုးကို သတ်မှတ်ထားရေ စံချိန်စံညွှန်းအထိ မလုပ်ဘဲ သူရို့ရောင်းစားလို့ရအောင် အကြံအဖန်လုပ်ပြီးကေ အပိုဖေ့ချာရဖို့အတွက် ဂွင်ဖန်စော်ဖြစ်တေ လို့ မောင်တောဒေသခံတယောက်က ပြောပြပါရေ။ ဒေခြံစီးရိုး ကို မောင်တော နယ်စပ်က နိန်ဘနာ ဟို့အထက် ဘက် တောင်ပြိုလက်ဝဲအလွန်အထိ ကာနိန်စော်ဖြိုက်ပါရေ။ လွန်ခရေ ရက်ပိုင်းက ဗမာ-ဘင်္ဂလာ ရီပိုင် နက်ပြဿနာကို ဖြေရှင်းခစော်မှာဘင်္ဂလားက အနိုင်ရလား ပါရေ။ ဒေပိုင်ရာဗမာဖက်က ထိထိရောက်တစ်ခု လည်း မလုပ်ဆိုတော့ခါ ရခိုင်ရေ ပိုင်နက်တိကို တစတစ ဆုံးရှုံးဖို့ကိန်းမြင်နိန်ပါရေ။


