ကျောက်ဖြူမြို့ ကြက်တိန်ညင်ရွာသားတိနန့် အိန္ဒိယအလုပ်သမာတိ ရန်ဖြစ် ရဲကသနပ်ဖေါက်လို့  လူစုခွဲရ

 ကျောက်ဖြူမြို့ ကြက်တိန်ညင်ရွာသားတိနန့် အိန္ဒိယအလုပ်သမာတိ ရန်ဖြစ် ရဲကသနပ်ဖေါက်လို့  လူစုခွဲရ

လေးဝတီ။           ။ကျောက်ဖြူ မတ်ခ်ျ့ လ (၂၄)ရက်
လွန်ခရေ မတ်ခ်ျ့ လ(၂၀)နိန့် ကရခိုင်ပြည်ကျောက်ဖြူမြို့ နန့် (၁၂)မိုင်လောက်ဝီးရေ ကြက်တိန်ညင်ရွာနားမှာ ဒေသခံရွာသားတိနန့်  နိုင်ငံခြား အလုပ်သမားတိ အကြီးအကျယ် စကားများဂတ်ရာက နှစ်ဖက်စလုံး တင်းမာမှုတိဖြစ်လို့ 
ရန်ပွဲကြီးတခု ဖြစ်လားခရေလို့  လေးဝတီက သတင်းရဟိပါသည်၊
ရန်ဖြစ်စော်မှာ ဒေသခံရွာသားတိနန့် အရှေ့ တောင်အာရှ ကျားလို့ နာမေကြီးနိန်ရေ
 (Punj Lloyd) အိန္ဒိယ ကုမ္ပဏီက အလုပ်သမားတိ ထိခိုက်ဒါဏ်ရရလားရေလို့ လည်းသိရ
ပါရေ။ အယင်ကလေးဒေပိုင် မကြာမကြာ ပြဿနာတိ ဟိခကြောင်းနန့်  ဒေနိန့် ဖြစ်တေ
ပြဿနာမှာ ကုမ္မဏီက ရဲတပ်ဖွဲ့ ကို အကြောင်းကြားရေ အတွက် ချက်ချင်းအဆိုပါ ရဲတပ်ဖွဲ့ က
အထက်ကို ခြောက်လှန့် သေနပ်သုံးချိန်းဖေါက်လို့ လူစုခွဲ့ လိုက်တေလို့ လည်းသိဟိရပါသည်။
ကျောက်ဖြူမြို့ က ရဲတပ်ဖွဲ့ ကို လေးဝတီကဆက်သွယ်ရေခါ အမှုမတိုင်ကြားရေ အတွက်
မသိလို့ ပြောဘာရေ။
အိန္ဒိယကုမ္မဏီရေ ယင်းကြက်တိန်ညင်ရွာနားမှာ (KP 14) လုပ်ငန်းခွင်လုပ်နိန်ရေ ကုမ္မဏီဖြစ်လို့ 
အိန္ဒိယ အလုပ်သမားတိထဲမှာလေး ရိုင်းစိုင်းရေ ဆက်ဆံရေး မပြေလည်ရေ လူတိဖြစ်တေလို့
အမည်မဖေါ်လိုရေ ဒေသခံတယောက်က လေးဝတီကို ဒေပိုင်ပြောပြပါရေ။’’ယင်းနိန့် က ညဇာဖက်မှာ ရွာသားတိ လူငါးဆယ်ကျော် လောက်လည်းဂွ၊ တုတ်၊ နှစ်ပိုင်ကျိုးတိနန့် ပစ်ကတ်
တေ ယင်းသူရို့ လည်း ကုမ္မဏီက လူစုလို့ ထွက်လို့ သတ်ကတ်ပါရေ ဒေဖက်က အဝီးပစ်စော်
ဖြစ်လို့ အနားကို ကောင်းမကပ်ခနိုင်ပါ မဟုတ်ကေ သူရို့ က သံချောင်းတိ ဒရွင်းတိ မာတူကြီးတိနန့် 
သတ်ဖို့ ထွက်လိုက်ပါရေ၊ ဒေဖက်က မယင်ကေ သီကျဂတ်ပါဖို့ ’’လို့ ပြောဘာသည်။
နှစ်ဖက်စလုံး ဒါဏ်ရာ အနည်းချေရလားဂတ်တေလို့ လည်းသိရပါရေ။ကျောက်ဖြူမြို့ ထက်က
 ကျောင်းဆရာတယောက်လည်း ‘’အယင်ကပင် ဒေပိုင် အလုပ်သမားတိက အားမနာ အမျိုးသမီးချေတိလားကေ ရယ်ပြလက်ယပ်ခေါ် တယောက်တည်းဆိုကေ လိုက်လို့ ထွက်ဗြီး
လာရရေ သက်ဆိုင်ရာကို တိုင်ကေလည်း မင်းရို့ ယင်းအနားမလားခီကေ့ လို့ ရာပြောဗြီးကေ
စစ်ဆီးအရီးယူပီးရေ ဆိုစော်မဟိပါ၊ရက်ပြတ်အားမနာဖြစ်လာခါ ရွာသားတိကလည်း ပေါက်ကွဲလာလို့ 
ဒေပြဿနာတက်တေ လို့ ’’ဆိုပါရေ။ ရဲတိရောက်လာခါ အိန္ဒိယကုမ္မဏီက တာဝန်ဟိလူတိက
ကုမ္မဏီ ပစ္စည်းတိကို ရွားသားတိ လုယူဖျက်ဆီးရေလို့ တဖက်သတ် စွတ်စွဲလို့ ပစ္စည်း အပျက်
တိဖြစ်တေ မြီတူးစက် ရိုလာလုံးဂါရီကြီး ကရိန်းမောင်တံတိ အထူးထူးပစ္စည်းတိကို ထုတ်ပြရေ
လို့ ရဲနန့် နိန်းစပ်တေ အသိုင်းအဝန်းကပြောပါသည်။
အခုအခါ ယင်းအနီးတဝိုက်က ဒေသခံတိ ရဲတပ်ဖွဲ့ ကလာရောက်ဖမ်းယူ တရားစွဲဆိုဖို့ 
ကြောက်နိန်ဂတ်ကြောင်းလေးသိဟိရပါသည်။
မြထွန်းအောင်(လေးဝတီဝိုင်တော်သား)
Copyright 2012 Arakan Today