“အကြင်သူသည် ဤခရီးကိုလားလျှင်အနည်းဆုံးထောင်ကမ်းကျနှိုင်သည် (သို့ မဟုတ်) အသက်သီနှိုင်သည်ဟု သိ၏။ သို့ သော် တိုင်းပြည်နှင့်လူမျိုးအတွက်လိုအပ်ပါကနောက်မဆုတ်” ဤကားသူရဲကောင်းရို့ ၏နှလုံးတည်း။ ထင်ထားခသည့်အတိုင်း၊ စစ်ရေးတွင်တချက်မှားလျှင်အသက်သီသည်ဟုသူမကြာမကြာပြောခသည့်အတိုင်း တန်ဖိုးမဖြတ်နှိုင်သော သူ့ နှင့် လုပ်ဖေါ်ကိုင်ဖက် ဗိုလ်စောထွန်း၊ ဗိုလ်ရန်နိုင်ရို့ အသက်ကိုပီးဆက်လိုက်ရရေ။
ကျနော့်နှင့်ဗိုလ်ရာဇာ(ခေါ်)လှထွန်းအောင်ကား ၁၉၈၂ တွင်စစ်တွေ၌စတွိဖြစ်ကြသည်။ ယင်းအချိန်၌သူကား ALP ရဲဖေါ်သစ်တယေါက်၊ အထက်ကတာဝန်ပီးချက်အရ အရေးကြီးသူတယေါက်ကိုသူ့အားအခေါ်လွှတ်ခြင်း။ ကျနော်က ယူဂျီတာဝန်ခံ။ အစီအစိုင်လုပ်ပီးရသူ ကျနော့်ကိုယ်ခံပညာသင်တန်းသားများကို ခေါ်ယူလျက် အာဂန္တု ရောက်သည် ထ္မင်းချက်စားကြမည်ဟုပြောလိုက်သည်။ သင်တန်းသားများထမင်း၊ ဟင်းချက်နိန်ကြစိုင် ကျနော်ရို့  ဆွေးနွေးကြသည်။ ၄င်းကားအရေးမကြီး ခိုင်ရာဇာ ကိုယ်တော်နန္ဒသာရဘ၀က အသိဟောင်းများနှင့် Open secret ဆွေးနွေးပွဲတခုပြီးတခုလုပ်လီသောအခါ ယူဂျီသ္မားများ မျက်ဖြူဆိုက်ရလီတော့သည်။ သူခေါ်ဖို့ လာရေ လူကလည်းမလိုက်၊ အပြန်ခရီးအတွက် စရိတ်မရှိဖြစ်ကာ ကျနော့်အိမ်သူအတွက် ယောက္ခမက ပီးထားသောအပ် ခြုတ်စက်ကို ပေါင်နှံလမ်းစရိတ်လုပ်ပီးလိုက်ခရပါရေ။
၁၉၈၄ ပြည်တွင်းယူဂျီများနှင့်ဆွေးနွေးသင့်သည်ဆို၍ ကျနော်ဝမ်းခကိုရောက်သောအခါ ခိုင်ရာဇာ သည် ဖေါက်ခွဲရေး သင်တန်းတက်နိန်တုန်းကာလ- ၁၉၈၄ နှောင်းပိုင်းလောက် ယူဂျီလုပ်ငန်းပေါက်ကြားပြီး ထွက်ပြီးရရာနီးစပ် ရာဘင်္ဂလာသို့ရာက်လာခသည်။ အကျိုင်းရွီးရလျှင်ကျနော် NUFA ရဲဖေါ်၊ Out-let ဖြင့် ထွက်ရပ်လမ်းရှာဖွေပြီး ၁၉၉၁ တွင် သူဦးဆောင်သော AA ၌ ရာဇာနှင့်ပြန်တွိကြသည်။
သတ္တိဗျတ်တိအပြည့်နှင့်စွန့်စားရေးသမား ခိုင်ရာဇာ၊ နိန်ရာတကာတွင်သူမပါလျှင်မပြီးဟုသူ့ ကိုသူထင်ထားသူ၊ တခေတ်ကကြီးကျယ်ခသော ရခိုင့်ရီတပ်ကိုပြန်လည်ဖေါ်ဆောင်ရန် Arakan Marine ဖြင့်အစပျိုးခသူ၊ ၂၁ ရာစု နှောင်းပိုင်းတွင် ရခိုင့်လက်နက်ကိုင်အင်အားစုများအထဲ လက်နက်နှင့်ငွေကြေးကို ရှာဖွေအပီးနှိုင်ခ ဆုံးသော တော်လှန်ရေးသမား။ မည်သည့်အလုပ်ကိုမဆိုအားမရသည်ကိုတွိလျှင် ဆဲသည်၊ ဆိုသည်၊ ကြိမ်းမောင်းသည်၊ သို့သော်ရဲဖေါ်များကားသူဆဲဆိုသည်ကို ပန်းနန့် သတ်စော်လောက်ရာ သဘောထားကြ သည်။ အကြောင်းမူ သူ၏ဖြူစင်သောသဘောကိုသိထားကြခြင်းကြောင့်။
ဤကဲ့သို့ အဖရခိုင်ပြည်နှင့် ရခိုင်လူမျိုးအတွက် နှလုံးလှပသော အာဇာနီသူရဲကောင်းတသိုက်အား ဤနိန့်  ဤရက် ၁၉၉၈-ခုနှစ်ဖေဖေါ်ဝါရီလ ၁၁-ရက်နိန့်စစ်ရေးတချက်အမှားတွင် ကလားပြည်၌ အသက် ပီးဆက်လိုက် ကြရပြီ။ ဤကဲ့သို့မင်းသားကြီးရွှီဘန်းရို့အပါအ၀င်မရွီမတွက်နှိုင်သော ရခိုင့်သူရဲကောင်းကြီးငယ်ရို့၏ အသက်တိကို ကျနော်ရို့ပီးဆက်ခဂတ်ရဗျယ်လည်းဖြစ်ပါရေ။ မျက်မှောက်ကာလမှာ ဖြစ်ပျက်နိန် ကတ်တေပိုင် ကျွန်လက္ခဏာကျွန်စိတ်ဓါတ်တိကို မဖျောက်ကတ်သမျှကာလပတ်လုံး ဤရီခံမြီခံမကောင်းသော ကလားပြည်တိမှာလည်း ကျနော်ရို့၏ဘ၀အသက်ပေါင်းများစွာကို ပီးဆပ်ကြရအုံးမည်ဟုလည်း မမှိတ်မသုန် သတိထားကြသင့် ကြောင်းဖေါ်ပြအပ်ပါရေ။
လောက၌မသီရေလူကားမရှိ၊
သို့ သော်သူရဲကောင်းတိကားတခါလည်းသော့မသီ၊
ထိုနည်းလည်းကောင်း ရခိုင်ပြည် ရခိုင်လူမျိုး၊ ကရင်ပြည် ကရင်လူမျိုးနှင့် အဖိနှိပ်ခံပြည်သူများအတွက် မိမိရို့အသက်ကို ပဓါနမထားဘဲ စွန့်လွှတ်ပီးဆပ်ခကတ်တေ ခိုင်ရာဇာနှင့်အတူသူရဲကောင်း ဒု-ဗိုလ်မှူးကြီး စော ထွန်း၊ ဗိုလ်မှူးရန်နိုင်၊ ဗိုလ်ကြီးလင်းဇံခိုင် နှင့် KNU-ကဗိုလ်မှူး ဖဒိုမှူးလွယ်၊ ဗိုလ်စိုးမြင့်ရို့ ၏၀ိညာဏ်များကား မည်သည့်အခါမျှမသီ၊ ထာဝရမွှီးပျံ့ နိန်မည်သာဖြစ်သတည်း။
ဦးညွှတ်လျက်-
ညီညွတ်ခြင်းဖြင့်အောင်ပွဲသို့ -
ဖိုးလှ ဥက္ကဌ (ကိုယ်စား)
ရခိုင်ပြည်လွတ်မြောက်ရေးလှုပ်ရှားမှုကော်မတီ
Arakan Freedom Movement Committee – AFMC, BD
Date: 11th February 2012
